Ko Thet
رفتن به کانال در Telegram
123 660
مشترکین
-3524 ساعت
-2197 روز
-1 21330 روز
آرشیو پست ها
Repost from TgId: 1907154014
Photo unavailableShow in Telegram
ဒဏ်ရာရနေကြတဲ့ AA အကြမ်းဖက်တွေ ခိုအောင်းဆေးကုနေကြတဲ့ အကြမ်းဖက်ဌာနချုပ် မြောက်ဦးဆေးရုံကို ဗုံးကြဲလို့ AA အကြမ်းဖက်တွေ သေကုန်ကြတာကို ဘာဖြစ်တယ် ညာဖြစ်တယ် အော်နေကြတဲ့ဟာတွေကို မေးပါဦးမယ်...
-
ပြီးခဲ့တဲ့နှစ်တုန်းက မောင်တောမှာ AA က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဘင်္ဂါလီ ၂၀၀ နီးပါးအစုလိုက်အပြုံလိုက်သေခဲ့တာကို နှုတ်ပိတ်နေခဲ့ကြပြီး အကြမ်းဖက်တွေသေမှ ဘာဖြစ်လို့ထအော်ပြနေကြတာလဲ...
-
လူ့အခွင့်အရေးလျှောက်အော်နေကြပြီး လူ့အခွင့်အရေးဆိုတာမသိ ဘက်လိုက်ခွဲခြားနေတဲ့ မင်းတို့အကြမ်းဖက်အားပေးတွေကြောင့် ဘင်္ဂါလီတွေ အသတ်ခံနေကြရတာပဲ...
-
တိုက်ပွဲသတင်းစုံ
👍 187❤ 33😁 5👌 2😡 1
Repost from TgId: 1907154014
Photo unavailableShow in Telegram
ပြီးခဲ့တဲ့နှစ်တုန်းက ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာမှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ ကိုးကွယ်ဝတ်ပြုရာ ကွန်တိုင်ဗလီကြီးကို ဘိန်းဘုရင် ထွန်းမြတ်နိုင်ရဲ့ အမိန့်နဲ့ AA အကြမ်းဖက်တွေက စိတ်ပြေနပြေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်...
-
ဒီနေ့ဒီအချိန်ထိလည်း ပြာပုံကြီးအဖြစ်သာရှိနေပါတယ်...
-
ဘိန်းဘုရင် ထွန်းမြတ်နိုင် က ဘင်္ဂါလီတွေကို ဘာသာရေးလွတ်လပ်ခွင့်ပေးထားသယောင်ယောင် ဟန်ဆောင်လုပ်ပြနေတာဖြစ်ပြီး နောက်ကွယ်မှာတော့ ဗလီတွေကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် စခန်းတွေ၊ ဌာနချုပ်တွေ ပြုလုပ်နေထိုင်ခဲ့တာ ဒီနေ့ဒီအချိန်ထိပဲဖြစ်ပါတယ်...
-
တိုက်ပွဲသတင်းစုံ
👍 178❤ 22👌 3
Repost from မှိုင်းဝေ
06:44
Video unavailableShow in Telegram
အမြင်မှန် အသိမြင်မှန်တဲ့ နီပိန်းတစ်ယောက်ရဲ့ သံဝေဂ။
ဦးနှောက်ရှိသူတွေကတော့ အခြေအနေအမှန်ကို နားလည်တယ်။
သူပြောတာတွေထဲမှာ မှန်တဲ့အချက်တွေအများကြီးပါတယ်။
နားထောင်ကြည်လိုက်။
မှိုင်းဝေ
31.49 MB
👍 187❤ 25💯 9😁 1🤬 1
Repost from TgId: 1907154014
နိဂုံး - သူရဘွဲ့နှင့် ကျန်ရစ်သူ၏စကား
ဗိုလ်မှူးကြီး ကျဆုံးပြီးနောက် ဆုတ်ခွာခွင့်ရခဲ့၍ အသက်ရှင်လွတ်မြောက်လာသော တပ်ကြပ်ကြီး ရဲကျော်က ဤအဖြစ်အပျက်ကို မျက်ရည်ဖြင့် ပြန်လည်ပြောပြခဲ့သည်။
-
"ဗိုလ်မှူးကြီးက ကျွန်တော်တို့ကို အသက်ရှင်စေချင်လို့ မောင်းထုတ်ခဲ့တာပါ။ သူကတော့ ကျွန်တော်တို့အတွက် အသေခံပြီး ကျန်နေရစ်ခဲ့တာပါ..." ဟူသော စကားသည် ကြားရသူတိုင်း၏ ရင်ကို တုန်လှုပ်စေခဲ့သည်။
-
နိုင်ငံတော်နှင့် တပ်မတော်သည် မိမိအသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သော၊ ရဲဘော်ရဲဘက်စိတ်ဓာတ်ဖြင့် လက်အောက်ငယ်သားများကို ကာကွယ်ပေးခဲ့သော ဗိုလ်မှူးကြီး သက်ထွန်းအောင်၏ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြုသောအားဖြင့် "သူရဘွဲ့" ကို ချီးမြှင့်အပ်နှင်းခဲ့သည်။
-
ယနေ့အချိန်တွင် ဆင်တောင်ကုန်းသည် တိတ်ဆိတ်ကောင်း တိတ်ဆိတ်နေလိမ့်မည်။ သို့သော် ထိုတောင်ကုန်းပေါ်တွင် "သူရ သက်ထွန်းအောင်" ဟူသော အမည်နာမသည် သမိုင်းတစ်လျှောက် မော်ကွန်းတင် ကျန်ရစ်နေမည်မှာ အသေအချာပင် ဖြစ်ပါသည်။
ဘိုးဆင်းအားဂျင်းဂျေးဗစ်ဂျေးဗစ်
-
(ဗမက တင့်လွင်စိုး အကြောင်း ထပ်မံဖော်ပြပေးပါမည်)
-
တိုက်ပွဲသတင်းစုံ
👍 166❤ 71😢 33💯 10😁 2
Repost from TgId: 1907154014
အခန်း (၄) - ခေါင်းဆောင်တစ်ယောက်၏ နှလုံးသား
မိုးစက်များကြားတွင် ဗိုလ်မှူးကြီး သက်ထွန်းအောင်သည် သူ့လက်ကျန်တပ်ဖွဲ့ဝင်များကို စုစည်းလိုက်သည်။ အားလုံး၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုနှင့် သေဘေးကို မျက်ဝါးထင်ထင် တွေ့နေရသော အရိပ်အယောင်များ ယှက်သန်းနေသည်။
-
ဗိုလ်မှူးကြီးက သူ့ရဲဘော်များကို တစ်ယောက်ချင်းစီ သေချာကြည့်သည်။ ထို့နောက် တည်ငြိမ်စွာဖြင့် ပြောသည်။
-
"ရဲဘော်တို့... အခြေအနေကို မင်းတို့ သိတဲ့အတိုင်းပဲ။ စစ်ကူမလာနိုင်တော့ဘူး။ ငါတို့ချည်းပဲ ကျန်တော့တယ်။"
-
တပ်ကြပ်ကြီး ရဲကျော်(အမည်လွှဲ) အပါအဝင် ရဲဘော်များ ငြိမ်သက်နေသည်။
"ငါ့မှာ သားသမီး မရှိဘူးကွာ... ဇနီးပဲ ရှိတယ်။" ဗိုလ်မှူးကြီး၏ အသံက အနည်းငယ် တုန်ခါသွားသော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားသည်။ "ငါကတော့ အထက်က ပေးအပ်ထားတဲ့ အမိန့်ရှိတယ်။ ဒီနေရာမှာ အသက်သေသည်အထိ ဒီအမိန့်ကို နာခံဖို့ပဲ ရှိတယ်။ ဒါပေမဲ့... ခင်ဗျားတို့မှာက သံယောဇဉ်တွေ ရှိတယ်၊ သားသမီးတွေ၊ မိသားစုတွေ ရှိကြတယ်။"
လေထုက လေးလံသွားသည်။ ဗိုလ်မှူးကြီးက ဆက်ပြောသည်။
-
"ဒါကြောင့်... ကျွန်တော် ခင်ဗျားတို့ကို လွတ်ရာလွတ်ကြောင်းအတွက် လမ်းကြောင်းဖွင့်ပေးမယ်။ ခင်ဗျားတို့ ဆုတ်ခွင့်ရှိတယ်။ အခု ဆုတ်သွားကြပါ။ ကျွန်တော့်ကိုတော့... ဒီမှာပဲ ထားခဲ့လိုက်ကြပါ။ ကျွန်တော် အားလုံးအတွက် ခံချပေးမယ်။"
-
"ဗိုလ်မှူးကြီး..." တပ်ကြပ်ကြီး ရဲကျော်က ကန့်ကွက်ရန် ပြင်လိုက်သော်လည်း ဗိုလ်မှူးကြီးက လက်ကာပြသည်။
-
"ဒါ အမိန့်ပဲ။ မင်းတို့ အသက်ရှင်ဖို့ လိုတယ်။ မင်းတို့မိသားစုတွေအတွက် ပြန်ကြ။ ငါ ဒီကောင်တွေကို ထိန်းထားမယ်။"
-
ထိုအချိန်သည် လူသားဆန်မှုနှင့် စစ်သားပီသမှုတို့ ပေါင်းဆုံရာ အချိန်ဖြစ်သည်။ ဗိုလ်မှူးကြီး သက်ထွန်းအောင်သည် သူ့အတွက် မစဉ်းစားဘဲ သူ့လက်အောက်ငယ်သားများ၏ အသက်နှင့် သူတို့၏ မိသားစုများအတွက် စဉ်းစားပေးခဲ့သည်။ သူကိုယ်တိုင် အသေခံကာ သူတစ်ပါးကို အသက်ရှင်စေခဲ့သည်။
-
နောက်ဆုံးတွင် အမိန့်မလွန်ဆန်နိုင်ဘဲ တပ်ကြပ်ကြီးရဲကျော်နှင့် ရဲဘော်အများစုသည် မျက်ရည်စက်လက်ဖြင့် ဆုတ်ခွာခဲ့ကြရသည်။ ဗိုလ်မှူးကြီး သက်ထွန်းအောင်နှင့်အတူ သေဖော်သေဖက် (၄) ဦးသာ ကျန်ရစ်ခဲ့သည်။ စုစုပေါင်း (၅) ဦး။ ထို (၅) ဦးသည် ဆင်တောင်ကုန်းပေါ်တွင် သမိုင်းတစ်ခုကို ရေးထိုးရန် ကျန်နေရစ်ခဲ့သည်။
-
အခန်း (၅) - ဆင်တောင်ထက်က သွေးမြေကျတိုက်ပွဲ
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်၊ နေ့လယ် ၁၂:၁၀ နာရီ။
ရန်သူများ၏ ထိုးစစ်က အထွတ်အထိပ်သို့ ရောက်လာသည်။ အင်အား (၂၀၀) ခန့်ရှိသော ရန်သူများသည် အင်အား (၅) ဦးသာရှိသော ကုန်းကို တရစပ် ပစ်ခတ်တိုက်ခိုက်လာသည်။
-
"ပစ်...!!"
ဗိုလ်မှူးကြီး သက်ထွန်းအောင်သည် ကိုယ်တိုင် လက်နက်ကို ကိုင်စွဲကာ ရှေ့တန်းမှနေ၍ ပြန်လည်ပစ်ခတ်သည်။ သူ၏ ဦးဆောင်မှုအောက်တွင် ကျန်ရှိသော ရဲဘော် (၄) ဦးသည်လည်း ကြောက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် တစ်တောင့်ချင်းသော ကျည်ကို တန်ဖိုးရှိရှိ အသုံးပြု၍ ခုခံသည်။
-
MNDAA တို့သည် Drop Bomb များဖြင့် ဗုံးကြဲသည်။ လက်နက်ကြီးများဖြင့် ထုသည်။ သို့သော် ထိုတောင်ကုန်းပေါ်မှ ပြန်လည်ပစ်ခတ်သံများသည် ဇူလိုင် (၂၇) ရက်နေ့အထိ တိတ်ဆိတ်မသွားခဲ့ပေ။ ဗိုလ်မှူးကြီး သက်ထွန်းအောင်သည် မိမိအသက်ကို ပဓာနမထားဘဲ ရန်သူကို ရင်ဆိုင်ထိန်းချုပ်ခဲ့သည်။ သူ၏ ရဲစွမ်းသတ္တိကြောင့် ရန်သူများသည် အလွယ်တကူ တက်မလာနိုင်ဘဲ အထိနာနေခဲ့သည်။
-
အခန်း (၆) - သူရဲကောင်းတို့၏ နှုတ်ဆက်ခြင်း
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နေ့လယ် ၁၂:၃၀ နာရီ။
တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂၄) နာရီ ကျော်လွန်ခဲ့ပြီဖြစ်သည်။ ဗိုလ်မှူးကြီးသည် မောပန်းနွမ်းနယ်ခြင်းမရှိ၊ ရဲဝံ့စွာဖြင့် တိုက်ပွဲကို ဆက်လက် ဦးဆောင်နေဆဲဖြစ်သည်။
-
ထိုစဉ်... ဝုန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ ရန်သူ့လက်နက်ကြီးကျည်တစ်လုံး သူတို့အနီးတွင် ကျရောက်ပေါက်ကွဲသွားသည်။
-
ဖုန်မှုန့်များနှင့် ယမ်းငွေ့များအကြားတွင် ဗိုလ်မှူးကြီး သက်ထွန်းအောင် လဲကျသွားသည်။ လက်နက်ကြီးအစသည် သူ၏ ဦးခေါင်းကို ထိမှန်သွားခဲ့သည်။ နိုင်ငံတော်အလံကို အလေးပြုတတ်သော၊ မိမိရဲဘော်များကို မိသားစုကဲ့သို့ ချစ်ခင်သော၊ ပေးအပ်သောအမိန့်ကို အသက်နှင့်ရင်း၍ စောင့်ထိန်းသော ထိုဦးခေါင်းသည် မြန်မာ့မြေပေါ်သို့ ညွှတ်ကျသွားခဲ့ပြီဖြစ်သည်။
-
သူ့ခန္ဓာကိုယ် လဲကျသွားချိန်တွင် သူ့စိတ်ဝိညာဉ်ကမူ မြင့်မြတ်သော သူရဲကောင်းတို့၏ ဘုံဗိမာန်သို့ ပျံတက်သွားခဲ့ပြီဖြစ်သည်။ သူသည် နောက်ဆုံးထွက်သက်အထိ သစ္စာရှိခဲ့သည်။ နောက်ဆုံးအချိန်အထိ ရဲရင့်ခဲ့သည်။
-
တိုက်ပွဲသတင်းစုံ
❤ 172👍 86😢 41🙏 9💯 2
Repost from TgId: 1907154014
ဗိုလ်မှူးကြီး သူရ သက်ထွန်းအောင် ၏ ဖြစ်စဉ်အား အသက်ရှင်ကျန်ရစ်သူ စစ်သည်တစ်ဦး၏ လာရောက်ပြောကြားမှုကြောင့် အသေးစိတ် ထပ်မံဖော်ပြအပ်ပါတယ်။ Congratulations ပါ .. ဗန္ဓုလသားတွေ ဘယ်သောအခါမှ သွေးမနည်းခဲ့ပါ။ ကျနော် ယခင်တင်ထားတဲ့ပို့စ် https://t.me/combatnews7723/14800
=========
တောင်တန်းတွေက သက်သေတည်ပါစေ (သို့မဟုတ်) သမိုင်းတွင်ကျန်ရစ်မည့် ဆင်တောင်ထက်က သွေးစက်များ
အခန်း (၁) - မုန်တိုင်းထန်သော လားရှိုး
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၏ မိုးသည်းထန်သော ရက်များအနက် တစ်ရက်ဖြစ်သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၏ ကောင်းကင်ယံသည် မိုးတိမ်မည်းများဖြင့် အုံ့မှိုင်းနေသကဲ့သို့ ယမ်းငွေ့များနှင့်လည်း မွန်းကြပ်နေသည်။ မြို့ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် လက်နက်ကြီးသံများ၊ ပေါက်ကွဲသံများက မိုးချုန်းသံများနှင့်အပြိုင် ဆူညံနေသည်။
-
လားရှိုးမြို့ကို စိုးမိုးထားသည့် အဓိကဗျူဟာကုန်းတစ်ခုဖြစ်သော "ဆင်တောင်"။ ထိုနေရာတွင် တည်ရှိသော ကမ္ဘာငြိမ်းအေးစေတီတော်ဝန်းကျင်သည် ယခင်က ဘုရားဖူးများနှင့် စည်ကားခဲ့သော်လည်း ယခုအချိန်တွင်မူ သေမင်းတမန်များ ဝန်းရံနေသည့် စစ်မြေပြင်တစ်ခု ဖြစ်နေခဲ့ပြီ။
-
ထိုဆင်တောင်ကုန်းကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားသူမှာ ဗိုလ်မှူးကြီး သက်ထွန်းအောင် ဖြစ်သည်။ သူသည် ခံစစ်ကတုတ်ကျင်းတစ်ခုအတွင်းမှနေ၍ ရန်သူ့လှုပ်ရှားမှုများကို အကဲခတ်နေသည်။ သူ၏ မျက်နှာထားသည် တည်ငြိမ်သည်။ သို့သော် ထိုတည်ငြိမ်မှုအောက်တွင် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ဆိုင်ထားသည့် ယောက်ျားတစ်ယောက်၏ ခက်ထန်မှုမျိုး ရှိနေသည်။
-
အခန်း (၂) - မန္တလေးသား စစ်သည်တော်
တိုက်ပွဲပြင်းထန်နေချိန် ခေတ္တရပ်နားရသည့် စက္ကန့်ပိုင်းလေးများတွင် ဗိုလ်မှူးကြီး သက်ထွန်းအောင်၏ စိတ်အာရုံသည် အတိတ်ဆီသို့ ခဏတာ ပြန်လည်ရောက်ရှိသွားတတ်သည်။
-
သူသည် ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သူဖြစ်သည်။ ဖခင်ဖြစ်သူ ဒုတိယတပ်ကြပ်လှမြင့်နှင့် မိခင် ဒေါ်နုနုအေးတို့၏ သားဖြစ်သည်။ ဖခင်ဖြစ်သူ၏ သွေးက သူ့ဆီတွင် စီးဆင်းနေသည်မှာ ငယ်စဉ်ကတည်းကပင် ဖြစ်သည်။ တပ်မတော်သားတစ်ယောက်၏ သားဖြစ်ရသည်ကို သူ ဂုဏ်ယူခဲ့သည်။ ထို့ကြောင့်ပင် အရွယ်ရောက်သောအခါ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၅) သို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။
-
သူ့ဘဝတစ်လျှောက်လုံး တပ်စုမှူးဘဝမှစ၍ တပ်ခွဲမှူး၊ စစ်ဦးစီးမှူး(တတိယတန်း)၊ ဌာနချုပ်တပ်ခွဲမှူး၊ စစ်ဦးစီးမှူး(ဒုတိယတန်း)၊ ဒုတိယတပ်ရင်းမှူး၊ တပ်ရင်းမှူးနှင့် နောက်ဆုံး စစ်ဦးစီးမှူး(ပထမတန်း) အထိ တာဝန်အဆင့်ဆင့်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည်။ ခြေလျင်ခြေမြန်တပ်များတွင်သာမက ဦးစီးရုံးတာဝန်များကိုပါ နိုင်နင်းခဲ့သူပီပီ ယခုလို အကြပ်အတည်းကာလတွင်လည်း သူ၏ ကွပ်ကဲမှုစွမ်းရည်က အကောင်းဆုံး တောက်ပလျက်ရှိသည်။
-
အခန်း (၃) - နောက်ဆုံးအမိန့်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်။
အခြေအနေက အလွန်ဆိုးရွားနေပြီဖြစ်သည်။ MNDAA အကြမ်းဖက်သောင်းကျန်းသူ အင်အား (၂၀၀) ခန့်သည် ဆင်တောင်ကုန်းကို လေးဖက်လေးတန်မှ ဝိုင်းရံပိတ်ဆို့ထားသည်။ (၁၀၇) မမ ရှော့တိုက်ဒုံးများ၊ Drop Bomb များ၊ လက်နက်ကြီးများဖြင့် မနားတမ်း ပစ်ခတ်နေသည်။
-
ထိုအချိန်တွင် ဆက်သွယ်ရေးစက်မှတဆင့် အရေးကြီးသော ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာသည်။ အထက်အကြီးအကဲကိုယ်တိုင် ဆက်သွယ်လာခြင်းဖြစ်သည်။
-
"ဗိုလ်မှူးကြီး သက်ထွန်းအောင်... ဆင်တောင်ကုန်းကို လက်လွှတ်မခံပါနဲ့။ မဆုတ်တမ်း ခံစစ်ဆင်ပါ။"
အမိန့်က ပြတ်သားသည်။ တိကျသည်။ ဗိုလ်မှူးကြီး သက်ထွန်းအောင်သည် မတ်တတ်ရပ်ကာ အလေးပြုလိုက်သကဲ့သို့ ခိုင်မာသော အသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
-
"အမိန့်အတိုင်းပါ... ခင်ဗျာ။ ကျွန်တော်တို့ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားပါ့မယ်။"
ဖုန်းချလိုက်ပြီးနောက် သူ၏ အင်အားကို ပြန်စစ်ဆေးကြည့်သည်။ ရင်ထဲတွင် ဟာခနဲ ဖြစ်သွားသည်။ သူ့ထံတွင် အရာရှိ (၄) ဦးနှင့် စစ်သည် (၁၂) ဦးသာ ရှိတော့သည်။ စုစုပေါင်းမှ (၁၇) ဦးတည်းသော အင်အားဖြင့် ရန်သူအင်အား (၂၀၀) ကို ရင်ဆိုင်ရမည်။
-
မျှော်လင့်ချက်တစ်ခုတော့ ရှိခဲ့သေးသည်။ တပ်မ (၅၅) လက်အောက်ခံ ခြေမြန်တပ်ရင်းတစ်ရင်း စစ်ကူလာနေသည်ဟူသော သတင်းဖြစ်သည်။ သို့သော် ထိုမျှော်လင့်ချက်သည် မကြာမီမှာပင် ပျက်သုဉ်းသွားခဲ့ရသည်။ ရန်သူ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကူစစ်ကြောင်း ကစဉ့်ကလျားဖြစ်ကာ သူတို့ရှိရာ ဆင်တောင်သို့ ရောက်မလာနိုင်တော့။
-
သူတို့ တစ်ထီးတည်း ကျန်ရစ်ခဲ့ပြီ။
-
တိုက်ပွဲသတင်းစုံ
❤ 140👍 85🙏 10😢 8💯 2
Repost from TgId: 1907154014
Photo unavailableShow in Telegram
စစ်သူရဲများအကြောင်း (၂၅)
ဗိုလ်ကြီး သူရ ရန်ကျော်..
-
ဗိုလ်ကြီး သူရ ရန်ကျော်ကို ၁၉၈၉ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကူမဲမြို့၌ မွေးဖွားခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် စစ်တက္ကသိုလ်ဗိုလ်လောင်းအမှတ်စဉ်(၅၂)သို့ တက်ရောက်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အမှတ်(၅)ခြေမြန်တပ်ရင်း၊ ၂၀၁၆ ခုနှစ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)၊ ၂၀၂၂ ခုနှစ်တွင် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)တို့တွင် တပ်စုမှူး၊ ဆက်သွယ်ရေးတပ်စုမှူး၊ ဒုတိယတပ်ခွဲမှူး၊ တပ်ခွဲမှူး၊ စစ်ဦးစီးမှူး(တ)၊ ခြေလျင်တပ်စုမှူး သင်တန်းဌာနစု (နည်းပြအရာရှိ) တာဝန်များကို ယနေ့အထိ အဆင့်ဆင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
-
🎖(သူရဘွဲ့ရရှိခဲ့မှု)🎖
ဗိုလ်ကြီး သူရ ရန်ကျော်သည် အမှတ်(၅) ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင်စဉ် ၂၀၁၅ ခုနှစ်၊ မေလ ၁၁ ရက် လောက်ကိုင်ဒေသ၊ ပွိုင့် ၁၇၀၉ တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် ပွိုင့်တပ်စုမှူးအနေဖြင့် ရှေ့ဆုံးမှ ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ပါသည်။
-
ရန်သူ၏ ပုံသေပစ်ကြောင်းနှင့် အတွဲလိုက် ပစ်ခတ်နေသောနေရာများကို စနစ်တကျလေ့လာသုံးသပ်ပြီး တပ်စုလက်နက်ဖြစ်သော ဘီအေ-၁၀၀ နှင့် ၄၀ မမဒုံးပစ်လောင်ချာတို့ဖြင့် တန်ပြန်ပစ်ခတ်ရန် ကြပ်မတ်ကွပ်ကဲခဲ့ပြီး ရန်သူ့ရှေ့ခံစစ်စည်းအင်အားကျဆုံးသွားသည်နှင့်တစ်ပြိုင်နက် တပ်စိတ်များကိုကွပ်ကဲ၍ အတင်းထိုးဖောက် တိုက်ခိုက်ကာ ၎င်းနေရာများအား ခြေကုပ်ယူပြီး ဆက်လက်တိုက်ခိုက်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါသည်။
-
ဗိုလ်ကြီးရန်ကျော်သည် ဒဏ်ရာရရှိထားသော်လည်း ရန်သူ့စခန်းကုန်းအား အပြီးသိမ်းပိုက်ရရှိသည်အထိ အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့်အပြင် အလားတူစခန်းသိမ်းတိုက်ပွဲများဖြစ်သော ပွိုင့် ၁၅၈၄၊ ရှန်ခုတ်ထန်နှင့် ရွှေလင်းယုန်စစ်ဆင်ရေး ဒေသတို့တွင်လည်း အောင်မြင်စွာနှင့် သူရသတ္တိ ပြည့်ဝစွာတိုက်ပွဲဝင်နိုင်ခဲ့သော ပြန်တမ်းဝင်အမှတ်၊ ကြည်း ၅၅၇၀၄ ဗိုလ်ကြီး ရန်ကျော်အား နိုင်ငံတော်သမ္မတရုံး၏ ၂/၂၀၁၆ အမိန့်အာဏာဖြင့် သူရဘွဲ့ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ချီးမြှင့်ခဲ့ပါသည်။
-
(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်)
-
တိုက်ပွဲသတင်းစုံ
❤ 174👍 96💯 8
Repost from တပ်ကြပ်ကြီး ဖိုးစီ🇲🇲
တပ်မတော် (လေ) ဖွဲစည်းတည်ထောင်မှု (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား။
https://t.me/Phoesi01233
❤ 183👍 101💯 9
Repost from TgId: 1907154014
Photo unavailableShow in Telegram
ဝင်လာမစဲ .. တသဲသဲ ❤️
-
တိုက်ပွဲသတင်းစုံ
👍 260❤ 38👌 13💯 2
Repost from TgId: 1618612125
02:37
Video unavailableShow in Telegram
ဒီရွေးကောက်ပွဲသည် ထူးခြားတဲ့ ရွေးကောက်ပွဲဖြစ်တယ်
34.26 MB
👍 134❤ 33💯 8🤬 1
Photo unavailableShow in Telegram
နီပိတ်တွေအတွက် မျက်ရည် ၂ စက်
-
တာဘုန်းကျော်ကတော့ ပျော်နေတယ်.. သူ့ဆဲမယ့်သူတွေ တစ်ကန့်လိုကို သွားဆဲနေလို့တဲ့ 🥴
-
👍 235😁 50❤ 17💯 3
Repost from TgId: 2406137658
01:21
Video unavailableShow in Telegram
ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာရှိပြည်သူများနှင့်တွေ့ဆုံမှု။ မဲပေးခြင်းနဲ့ ပက်သက်ပြီးအသိပညာပေးဟောပြောခဲ့။ မြန်မာပြည်သူအားလုံးအပျော်တွေကူးစက်ပါစေ။
#VoteUSDP #StrongerMyanmar #UKhinYi #myanmarfyp #fyp
15.94 MB
👍 187❤ 36💯 3
Repost from N/a
Photo unavailableShow in Telegram
ဘွန်ဒီကမ်းခြေမှာ သေနတ်သမားဆီကနေ သေနတ်ကို သွားလုခဲ့ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ အသက် ၄၃ နှစ်အရွယ်၊ ကလေး ၂ ဦးဖခင်ကို ဆုကြေးငွေချီးမြှင့်ဖို့အတွက် စုဆောင်းထားမှုဟာ ဒေါ်လာ ၁ သန်းကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။
Ahmed el Ahmed ဟာ သေနတ်သမားဆီ မသွားခင် သူ့ရဲ့ ဝမ်းကွဲညီအကိုဖြစ်သူကို “ငါ သေချင် သေသွားလိမ့်မယ်၊ လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ငါလုပ်ခဲ့တာလို့ ငါ့မိသားစုကို ပြောပေး” ဆိုပြီး မှာခဲ့တယ်လို့ Daily Mail က ဆိုပါတယ်။
သူဟာ သေနတ်ကို အောင်မြင်စွာနဲ့ လုယူနိုင်ခဲ့ပြီး သေနတ်သမားကို ထွက်ပြေးစေခဲ့ပါတယ်။ အခုအခါမှာ သူ့အတွက် ဆုကြေးပေးအပ်ဖို့ GoFundMe ကတဆင့် ကမ်ပိန်းလုပ်ခဲ့ရာမှာ လှူဒါန်းသူပေါင်း ၁၈၀၀၀ အထိ ရှိခဲ့ကာ ဒေါ်လာ ၁ သန်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ သူ့ကို နယူးဆောက်ဝေးလ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆေးရုံအထိ လိုက်ကာ သတင်းမေးပြီး ချီးကျူးဂုဏ်ပြုခဲ့ကာ သူရဲကောင်းလို့လည်း ခေါ်ဝေါ်ခဲ့ပါတယ်။
NOM
👍 368❤ 121👌 11
Photo unavailableShow in Telegram
နီပိတ်တွေကို တစ်ခွန်းပဲပြောလိုက်တဲ့ .. ဘရော်နီကာ
-
👍 292❤ 48👌 6🤬 3
Repost from TgId: 1446106300
ကျောက်တော်မှာ AA နဲ့ ရခိုင်တွေဟာ
တပ်နဲ့ ဝန်ထမ်းမိသားစုဝင် ၉၁၂ ယောက် သတ်ဖြတ်ပြီးနောက် အကုန်လိုက်သတ်ခဲ့တယ်ဆိုပြီး
AA ဟာ အဲဒီ ကိစ္စကို ဂုဏ်ယူဆို သတင်းထုတ်ပြန်ခဲ့သလို ( အခု အဲဒီ ထုတ်ပြန်ချက်ကို သူ့ channel က ဖျက်ပစ်ထားလို့ မရှိတော့ပေမယ့် AA လော်ဘီ media Narijara မှာတော့ သတင်း ရှိသေးတယ်။ အောက်မှာ link ချပေးပါမယ်။ )
ရခိုင်တွေနဲ့ နီပိတ်တွေကလည်း ဝမ်းသားအားရ လှောင်ရယ်ရယ်ခဲ့ကြပါတယ်။ ငြင်းသူတောင် သိပ်မရှိပါဘူး။
အခု မြောက်ဦးဖြစ်စဉ်ဖြစ်လာတော့
သူတို့တွေဟာ လက်တုန့်ပြန်ခံရမှာ ကြောက်လာတော့ အဲဒီဖြစ်စဉ်မှာ လူတွေကို မသတ်ခဲ့ဘူးဆိုပြီး လိမ်လည် post တွေ တင်နေကြသလို သက်သေပြဆိုပြီးလည်း နီပိတ်တွေကပါ ရောလိမ်ပေးနေကြလို့ အဲဒီတုန်းက သက်သေတွေ ပြန်ရှာပေးလိုက်ပါသည်။
AA လော်ဘီ Narijara က link
https://www.facebook.com/share/p/1C7osUU3bL/
👍 319❤ 42😢 7💯 1
AA သူပုန်ကို ပြင်းပြင်းထန်ထန်ချေမှုန်းနေသလို တိုင်းရင်းသားပြည်သူအတွက်ဆို အမြဲနွေးထွေးတယ်။ မြေတောင်မြှောက်ပေးတယ်။
-
အဲဒါဘာလဲဆိုတော့..
သူပုန်က .. သူပုန်
ပြည်သူက .. ပြည်သူ မို့ပါပဲ
-
❤ 192👍 145💯 19🤬 1
Photo unavailableShow in Telegram
နီပိတ်တွေဘလိန်းတာကို သောက်ဂရုမစိုက်ကြောင်း.. ဘရော်နီကာ ပို့စ်တင်
-
ဘာမှခေါင်းထဲထည့်မနေနဲ့ နီပိတ်ဆိုတာ ဟောင် ရုံတစ်ခုပဲ တတ်တာ
-
👍 345❤ 63💯 19👌 12🤬 2
Repost from TgId: 1450046422
မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ သယ်ဆောင်မည့် ငွေကျပ် ၁၃၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့တစ်ဖွဲ့ကို ရန်ကုန်တွင်ဖမ်းမိ
မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်ရောင်းဝယ်ကြမည့် ငွေကျပ် ၁၃၃ ဘီလီယံကျော်တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန်နှင့် ကက်တမင်း ၁ ဒသမ ၈ တန်ကျော် တို့နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့တစ်ဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် နံနက် ၆ နာရီတွင် သတင်းအရ မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉)ရပ်ကွက်၊ ကနောင် (၁)လမ်းတွင် ရွှေမောင်ဆန်း၊ မင်းဇော်လှိုင် (ခ) မင်းဇော်၊ အောင်ကျော်မျိုး (ခ) ငပိန်၊ မောင်မောင်သန်း (ခ) ဝင်းသန်းတို့ ၄ ဦးကို ကက်တမင်း ၁ ဒသမ ၈ တန်ကျော်၊ HINO Box မော်တော်ယာဉ် ၁ စီး၊ MARK-X မော်တော်ယာဉ် ၁ စီး၊ LIGHT TRUCK မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
#News
👍 244❤ 54👌 9😁 3
Repost from TgId: 1667647977
ဆရာတော်တစ်ပါးကို အကြောင်းမဲ့ဖမ်းဆီးထားပြီး
ခြိမ်းခြောက်အကြပ်ကိုင် ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုနေတဲ့
ဆားလင်းကြီး PDF အကြမ်းဖက်တွေ..
ဒီလိုကောင်မျိုးတွေ ဘယ်တော့မှ သက်ဆိုးမရှည်တဲ့အပြင် မရှုမလှသေကြမှာပါ
သေရင်လည်း အပါယ်ငရဲကို သေချာပေါက်ကျမှာပါ..
ဆရာတော်၊ သံဃာတော်တွေကို ပစ်မှတ်ထားသတ်ဖြတ်နေတဲ့
PDF အကြမ်းဖက်တွေရဲ့ ဘေးအန္တရာယ်ကို ပြည်သူတွေစုပေါင်းကာကွယ်ပေးကြပါ...
AQPAoImi59C0nT3FSGNTZxX_msj_9Syzr11fUUekr4RrQg6_4LgQWGFdofxxYh8.mp427.06 MB
😡 218😢 69👍 42❤ 24🙏 13
