en
Feedback
K Series

K Series

Open in Telegram
93 890
Subscribers
-65324 hours
+68 3887 days
+68 38830 days
Posts Archive
Repost from N/a
Photo unavailableShow in Telegram
Mohabbatein (2000)👆 ရှာရွခ်ခန်း၊ အမီတာဘဂျမ်း၊ အရှ်ဝါရီးယား #Sharrukh Khan Collection လို့ ပြော လို့ ရ ပါ တယ် #Khan ရဲ့ ဂ န္တ ဝင် မြောက် ရုပ် ရှင် တွေ ကို ကြည့် ဖို့ ချန် နယ် လေး ကို Join ထား ခဲ့ ပါ အုန်း နော် 😍 🥰🥰👇👇👇 ချန် နယ် Join ထား ရန် 👇👇👇 https://t.me/indiamovies110 ဇာတ် ကား ကြည့် ရန် Link 👇👇👇 https://t.me/indiamovies110/11
Show all...
❤ 1
Repost from N/a
Photo unavailableShow in Telegram
ဒီတစ်ခေါက်တော့ Horror ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါရစေ.... လူဆိုတာ ကောင်းတဲ့လူရှိသလို ယုတ်မာတဲ့လူလည်း ဒွန်တွဲနေတတ်တာမို့ ယုတ်မာတဲ့သူတွေဟာ ကိုယ့်အလှည့်ကျရင်လည်း ကိုယ်ယုတ်မာခဲ့သမျှအတွက် နှစ်ဆ ပြန်ပေးဆပ်ရတယ်ဆိုတာ ဒီကားလေးထဲမှာ အတိအလင်းပြထားပါတယ် ရိုးသားဖြူစင်လှတဲ့ မိန်းကလေးတစ်ယောက်ရယ် နာမည်ကြီး လူဆိုး လူယုတ်မာတစ်ယောက်ရယ် ငွေများ တရားနိုင်ဆိုတဲ့ သဘောတရားရယ် အားလုံးကို စုပေါင်းပြီး ဇာတ်အိမ်တစ်ခု တည်ဆောက်ထားတော့ အရှင်းဆုံးပြောရရင် ဒီကားက အသတ်ခံရတဲ့ မိန်းကလေးတစ်ယောက် ပရလောကကို ရောက်ပြီး သူ့ကို သတ်တဲ့သူကို ပြန်ပြီး လှလှပပ လက်စားချေတဲ့ အကြောင်းလေး ဖြစ်ပါတယ် Horror ကားဆိုတဲ့အတိုင်း နောက်ခံအသံဖန်တီးမှု ကင်မရာအယူအဆတွေဟာ ထောင့်စေ့ပါတယ် အရပ်စကားနဲ့ပြောရရင် ကိုယ်ယုတ်မာခဲ့သမျှအတွက် အလှည့်ကျရင် မနွဲ့စတမ်းပါတဲ့ ဒါက ဒီကားလေးက ပေးမယ့် မက်ဆေ့ပါခင်ဗျား.... #Crd ချန် နယ် join ထား ရန် 👇👇👇 https://t.me/indiamovies110 ဇာတ် ကား ကြည့် ရန် Link👇👇👇 https://t.me/indiamovies110/4
Show all...
Repost from Bollywood Cinema
2:13:23
Video unavailableShow in Telegram
1238.12 MB
Repost from Bollywood Cinema
U*si*ru (2025) ဇာတ်ကားသစ် =================== ဘွဲ့ထူးတွေဆောင် ဆုတံဆိပ်တွေချီးမြှင့်ခံရတဲ့ သူရဲကောင်းရဲအရာရှိရာ့ဂ်ျတစ်ယောက် မဖားယားတတ်တော့ နေရာမရဖြစ်ပြီး နယ်စခန်းလေးမှာ အမှုဟောင်းတွေပေးပြီး ချောင်ထိုးထားခံရတာပေါ့။ ခုချိန်မှာတော့ တစ်ချိန်ကလို တက်ကြွမှုတွေ အားမာန်တွေမရှိတော့တဲ့ရာ့ဂ်ျဟာ နယ်စခန်းလေးမှာ ကိုယ်ဝန်အရင့်အမာ ဇနီးလေးနဲ့ တိတ်ဆိတ်ကြည်နူးစရာဘဝကို ဖြတ်သန်းနေတာပေါ့။ တစ်ဖက်က ဆူရီယာဆိုတဲ့ကောင်လေးကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အကြောင်းပြချက်ရေရေရာရာမရှိ ထိန်းသိမ်းရေးစခန်းပို့ခံရပြီး နှစ်အတော်ကြာမှ ပြန်လွတ်လာပါတယ်။ ထောင်တွင်းကလောကဓံတွေကြောင့် ကြောက်တတ်ပြီး နူးညံ့တဲ့ကောင်လေးဆူရီယာကနေ စိတ်ကြမ်းလူကြမ်းဆူရီယာဖြစ်လာပြီး သူ့မိဘတွေရဲ့အဖြစ်ကို လိုက်စုံစမ်းနေတာပေါ့။ ဒီအချိန်မှာ အဲဒီမြို့လေးမှာ လူသတ်မှုတွေဖြစ်လာပြီး ဆူရီယာရော အင်စပက်တာရာ့ဂ်ျပါ ပါဝင်ပတ်သက်ဖို့ ဖြစ်လာတဲ့အခါမှာတော့...
Show all...
Repost from Bollywood Cinema
Photo unavailableShow in Telegram
❤ 1
Repost from Bollywood Cinema
2:27:06
Video unavailableShow in Telegram
646.03 MB
Repost from Bollywood Cinema
ကပ္ပတိန် ဗစ်ကရန့်ခန်နား... "မတော်တဆမှုတိုင်းမှာ ဘက်နှစ်ခုရှိတယ်" "ဘာဖြစ်ခဲ့တာလဲ..ဘယ်လိုဖြစ်ခဲ့တာလဲ" "အဲ့ဒီနှစ်ခုကြားထဲက အနားသတ်မျဉ်းလေးမှာ အမှန်တရားက တိမ်ဝှက်နေတယ်" နာရာယန်းဗီဒန့်... "အမှားလုပ်ပြီးသွားရင် မင်းလုပ်နိုင်တာ သုံးခုပဲရှိတယ်" "အမှားကို ဝန်ခံမယ်" "အမှားကနေ သင်ယူမယ်" "နောက်တစ်ခါ မမှားအောင် ဆင်ခြင်မယ်" ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းလေးကို အခြေခံပြီးရိုက်ကူးထားတယ်... ကပ္ပတိန်ဗစ်ကရန့်ခန်နား(အဂျေး) က နာမည်ကြီးလေယာဉ်မှူးတစ်ယောက်... အဲ့ဒီနေ့က ပျံသန်းတဲ့ခရီးစဉ်မှာ ရာသီဥတုဆိုးရွားလွန်းတဲ့အတွက် မတော်တဆမှုဖြစ်ခဲ့ပါတယ်... ဒီကိစ္စမှာ မသင်္ကာစရာကိစ္စလေးတွေပါဝင်နေတဲ့အတွက် လေကြောင်းမတော်တဆစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် နာရာယန်းဗီဒန့် (အမီတာဘဂျမ်း) ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမေးမြန်းတာကို ဝေဟင်ပေါ်က ထိတ်လန့်ဖွယ် မြင်ကွင်းတွေနဲ့အပြင် ဝါရင့်သရုပ်ဆောင်နှစ်ဦးရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကို ကျေကျေနပ်နပ်ကြီး မြင်တွေ့ရမှာဖြစ်ပါတယ်... နိုင်ငံခြားဇာတ်ကားသစ်များ ကြည့်ရှုချင်သူများအတွက် ! 📥 အသစ်တင်တိုင်း သိရဖို့ Channel ကို Join လုပ်ထားပါ ➡️ Join Channel  ❤️https://t.me/Blcn23 https://t.me/mb5727 https://t.me/Kse2388 https://t.me/Tpm567
Show all...
Repost from Bollywood Cinema
Photo unavailableShow in Telegram
Repost from Bollywood Cinema
1:25:33
Video unavailableShow in Telegram
802.27 MB
Repost from Bollywood Cinema
Al-te-r1ed (20-25) ဒီဇာတ်ကားလေးကတော့ ဟယ်ရီပေါ်တာပရိသတ်တွေရဲ့ အချစ်တော် Draco Malfoy မင်းသား Tom Felton ရဲ့ အသစ်ထွက်ရှိထားတဲ့ Sci-fi Action အမျိုးအစား ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ Tom Felton နဲ့ Elizaveta Bugulova တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ Timo Vuorensola ရိုက်ကူးထားပါတယ်။IMDb rating အနေနဲ့လည်း 6.1 လောက်ထိရရှိထားပါတယ်။ ကမ္ဘာကြီးဟာ နျူစစ်ပွဲကြောင့် ပျက်စီးလုနီးပါးဖြစ်သွားခဲ့ပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လူသားတွေအနေနဲ့ ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ ထိုလူသားတွေပြန်လည်တည်ဆောက်ထားတဲ့ကမ္ဘာကြီးမှာတော့ မျိုးရိုးဗီဇဆိုင်ရာ မွမ်းမံမှုတွေပြုလုပ်လို့ရတဲ့ အဆင့်အတန်းမြင့် မျိုးရိုးဗီဇမြင့်(Genetics) တွေနဲ့ မပြုလုပ်နိုင်တဲ့ အပယ်ခံ ထူးခြားသူ(Specials) တွေဆိုပြီး ခွဲခြားထားပါတယ်။ လီယွန်နဲ့ ကလိုဝီတို့ကတော့ ထို ထူးခြားသူတွေထဲကဖြစ်ပြီးတော့ ထူးခြားသူတွေရဲ့ နယ်မြေမှာ နေထိုင်ပြီး စက်ပစ္စည်းများပြုပြင်ရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေပါ။ တစ်နေ့မှာတော့ သူတို့ကို မျိုးရိုးဗီဇမြင့်တွေနေထိုင်တဲ့ မျိုးရိုးဗီဇမြင့်နယ်မြေထဲကို ခက်ခဲစွာဝင်ရောက်ပြီး အဆင့်မြင့်ဝတ်စုံတစ်ခုကို ပြင်ပေးဖို့အတွက် ကမ်းလှမ်းခံရပါတော့တယ်။ ထိုကမ်းလှမ်းချက်ကို လီယွန်တစ်ယောက်လက်ခံလိုက်ကာ နယ်မြေထဲကို ဝင်ရောက်ပြီး ပြင်ပေးရင်းနဲ့ သူတို့မထင်မှတ်ထားတာတွေနဲ့ ကြုံတွေ့ရတဲ့အခါ…. ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုသွားရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ နိုင်ငံခြားဇာတ်ကားသစ်များ ကြည့်ရှုချင်သူများအတွက် ! 📥 အသစ်တင်တိုင်း သိရဖို့ Channel ကို Join လုပ်ထားပါ ➡️ Join Channel  ❤️https://t.me/Blcn23 https://t.me/mb5727 https://t.me/Kse2388 https://t.me/Tpm567
Show all...
❤ 1
Repost from Bollywood Cinema
Photo unavailableShow in Telegram
Repost from Bollywood Cinema
2:25:16
Video unavailableShow in Telegram
1903.48 MB
Repost from Bollywood Cinema
Ra*mai*ya Va*sta*vai*ya  [ 2 0  1 3 ] ------------------------------------------- အေးချမ်းလှတဲ့ ရွာလေးမှာ ရာဂူးဗိနဲ့ ဆိုနာဆိုတဲ့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ရိုးရိုးသားသား နဲ့ လယ်ယာမြေမှာ လယ်သမား တောသူတောင်သားဘဝနဲ့ ဘဝကို မောင်နှမနှစ်ယောက် အေးချမ်းစွာ ဖြတ်သန်း နေထိုင်လာရင်းနဲ့ပေါ့.... တစ်နေ့ ညီမလုပ်သူရဲ့ သူငယ်ချင်း မင်္ဂလာဆောင်မှာ ညီမလုပ်သူကို မရမက မင်္ဂလာပွဲတက်ဖို့ ဖိတ်တာကြောင့် အကိုလုပ်သူမှာ ညီမငယ်ကို စိတ်မချလက်မချ ထည့်လိုက်ရတာပေါ့... အဲဒီတုန်းက သူ ထည့်ပေးလိုက်တာ ခဏ.. လို့ သူထင်ခဲ့ပေမယ့် ညီမငယ်ရဲ့ နှလုံးသားကို ခွဲဝေပေးရမယ့်သူနဲ့ တွေ့ခဲ့မယ်ဆိုတာ ...သူလည်း မသိနိုင်ခဲ့ဘူးလေ... မင်္ဂလာပွဲမှာ သူငယ်ချင်းရဲ့ အမျိုးတော်စပ်သူ ကိုလူချောရွှေမင်းသားလေး ရမ် ဟာ ချောမောလှပပြီး ရိုးသားအေးဆေးတဲ့ လယ်တောသူမလေး ဆိုနာကို အရူးအမူး စွဲလမ်းပါရောလား.... ဂုဏ်တွေငွေကြေးတွေမြင့်တဲ့ ရွှေမင်းသားရဲ့မိဘတွေကတော့ လုံးဝ သဘောမတူပါဘူး...အဆင့်အတန်းမတူတဲ့ ရိုးသားဖြူစင်လှတဲ့ တောင်သူလယ်သမား မောင်နှမနှစ်ယောက် ကို အရှက်လှလှ ခွဲခဲ့ပြီး မောင်နှမနှစ်ယောက် နာကြည်းစွာနဲ့ ပြန်လာခဲ့ပါတယ်... အချစ်စစ်ကို လက်မလွှတ်နိုင်တဲ့ ရမ့် မှာတော့ သူချစ်တဲ့ မိဘတွေကော..စည်းစိမ်ဥစ္စာတွေပါ စွန့်လွှတ်ထားခဲ့ပြီး သူချစ်မြတ်နိုးတဲ့ လယ်သူမိန်းကလေးဆီ အပြေးလာခဲ့ပါတော့တယ်...အရှက်ကောင်းကောင်းခွဲခံလိုက်ရတဲ့ အကိုတစ်ယောက်ရဲ့ ဒေါသကြောင့် ချစ်သူနှစ်ဦး ဒုက္ခအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြတ်ကျော်ခဲ့လဲဆိုတာရယ်.. အချစ်စစ်တို့သွားရာလမ်းမှာ အခက်အခဲ အတားအဆီးတွေ များနေပေမယ့်လည်း နောက်ဆုံး တကယ်မေတ္တာမှန်ရင် မေတ္တာတရားသည်သာ အနိုင်ရစမြဲဆိုတာ ကြည့်ရှု့ရမှာပါ.... နိုင်ငံခြားဇာတ်ကားသစ်များ ကြည့်ရှုချင်သူများအတွက် ! 📥 အသစ်တင်တိုင်း သိရဖို့ Channel ကို Join လုပ်ထားပါ ➡️ Join Channel  ❤️https://t.me/Blcn23 https://t.me/mb5727 https://t.me/Kse2388 https://t.me/Tpm567
Show all...
Repost from Bollywood Cinema
Photo unavailableShow in Telegram
Repost from Bollywood Cinema
1:24:15
Video unavailableShow in Telegram
655.55 MB
Repost from Bollywood Cinema
Cr-im-eti-m-e: Fr-ee fa-1ll (20-24) IMDb Rating (5.9) / Rotten Tomatoes (99%) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိထားတဲ့ အမေရိကန် Drama Mystery ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ IMDb rating 5.9 ထိရထားပြီးတော့ မင်းသမီး Lyndie Greenwood အဓိကသရုပ်ဆောင်ထားပါတယ်။ ဟက်ဒ်လီ ဝါနာဟာ ဆယ်စုနှစ်တစ်ခုလောက် နာမည်ကြီးခဲ့တဲ့ ရုပ်သံလောကမှာ နာမည်ကြီးခဲ့တဲ့ စုံထောက်မင်းသမီးတစ်ယောက်ပါ။ သူဟာ “Crimetime” လို့ခေါ်တဲ့ နာမည်ကျော် မှုခင်းစီးရီးတစ်ခုမှာ သရုပ်ဆောင်ပြီးတဲ့နောက်မှာ အယ်လ်အေ(LA) မြို့ကနေ အေးချမ်းတဲ့ တောင်ပေါ်မြို့လေးဖြစ်တဲ့ ကော်လိုရာဒိုက မစ်စတစ်လေးကို မိသားစုနဲ့အတူ ပြောင်းလာခဲ့ပါတယ်။ တိတ်ဆိတ်အေးချမ်းတဲ့ ဘဝသစ်ကို စတင်ဖို့ ကြိုးစားနေချိန်မှာပဲ၊ သူမရဲ့ အိမ်နောက်ဖေး ခြံဝင်းထဲကို ရုတ်တရက် လူသေအလောင်းတစ်လောင်းက မိုးပေါ်ကနေ ပြုတ်ကျလာသလိုမျိုး ထူးဆန်းစွာ ရောက်လာပါတော့တယ်။ ဒီအဖြစ်အပျက်ကြောင့် ဟက်ဒ်လီဟာ ရုပ်သံထဲက အခန်းကဏ္ဍကနေ အပြင်ဘဝရဲ့ မှုခင်းလောကထဲကို ချက်ချင်းရောက်သွားပါတယ်။ သူရိုက်ခဲ့တဲ့ ဇာတ်ကားတွေမှာ သင်ယူလေ့လာခဲ့ရတဲ့ ရာဇဝတ်မှုပညာ၊ သရုပ်ဆောင်မှုအတွက် လေ့လာခဲ့တဲ့ ဇာတ်ကောင်လေ့လာမှု စတာတွေအပေါ် အခြေခံပြီး တကယ့်အပြင်က မှုခင်းတစ်ခုကို ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟက်ဒ်လီတစ်ယောက် မှုခင်းအစိတ်အပိုင်းတစ်ခုချင်းစီ ရှာဖွေရင်းနောက်ဆုံးမှာ အမှုကိုဖြေရှင်းနိုင်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် ရုပ်ရှင်လေးတစ်ခု ဖြစ်ပါတယ်။ နိုင်ငံခြားဇာတ်ကားသစ်များ ကြည့်ရှုချင်သူများအတွက် ! 📥 အသစ်တင်တိုင်း သိရဖို့ Channel ကို Join လုပ်ထားပါ ➡️ Join Channel  ❤️https://t.me/Blcn23 https://t.me/mb5727 https://t.me/Kse2388 https://t.me/Tpm567
Show all...
Repost from Bollywood Cinema
Photo unavailableShow in Telegram
Repost from Bollywood Cinema
1:58:01
Video unavailableShow in Telegram
1346.21 MB
Repost from Bollywood Cinema
Fr-id-ay Ni-gh-t Li-gh-1ts 20-25 နာမည်ကြီး ဝတ္ထုတွေကို ပိတ်ကားပေါ်တင်တဲ့အခါ ကောင်းသွားတာလည်း ရှိသလို လိုအပ်ချက်တွေ အများကြီးနဲ့ ဝေဖန်ခံရတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ 1988 Permian High School Panthers Football Team ရဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံယူပြီး ရေးထားတဲ့ဇာတ်လမ်းမို တကယ့်လက်တွေ့ဘဝက စိတ်ခွန်အားတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ တကယ့်အမှန်အကန်တွေ ပါဝင်ပါတယ်။ အားကစားနောက်ခံ Documentary ဆန်ဆန် ဇာတ်ကားတွေကြိုက်တဲ့သူတွေအတွက် လုံးဝကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ============== ပါမီယန်အထက်တန်းကျောင်းရဲ့ ပန်သာစ်အသင်းနည်းပြ ဂယ်ရီကိန်းစ်ဟာ တက္ကဆက်ပြည်နယ် ချန်ပီယံဆုရဖိုအတွက် အိပ်မက်ကြီးကြီးထားတဲ့သူတစ်ဦး...။ ဒါပေမဲ့လည်း လွယ်ကူတဲ့လမ်းကြောင်းတစ်ခု မဟုတ်တာကြောင့် မိုးထဲရေထဲကြားကနေ ရုန်းကန်နေရတဲ့ဘဝ...။ အောင်မြင်မှုအတွက် အတားအဆီးတွေများတဲ့ကြားက မျှော်လင့်ချက်တွေအပြည့်ရှိတဲ့ မြိုငယ်လေးရဲ့ အားပေးကြမ်းပုံတွေ..။ ကိန်းစ်ဟာ နည်းပြတစ်ဦးအဖြစ် အသင်းအနိုင်ရရှိဖိုအတွက် အသည်းအကန် ကြိုးစားနေရုံသာမကဘဲ သူ့ရဲ့ ကစားသမားတွေအကြား ကျောင်းအုပ်ကြီးနဲ့ မြိုခံတွေအကြား မျှော်လင့်ချက်တွေကို ထမ်းတင်ထားခဲ့ရပုံ...။ အဲဒီလို အခက်အခဲတွေကြားကနေ ပါမီယန်ပန်သာစ်အသင်းဟာ အောင်ပွဲဆီကို တကယ်ပဲ ဦးတည်နိုင်မလား...။ ဘယ်လိုကစားသမားတွေက ဘယ်လိုမျိုး ထမ်းတင်သွားမလဲ...။ စိန်ခေါ်မှုတွေအပြည့် အားကစားစိတ်ဓာတ်တွေအပြည့်ကို မြင်တွေ့ရမယ့် ဇာတ်ကားကောင်းမို လက်မလွှတ်သင့်ပါဘူး။ နိုင်ငံခြားဇာတ်ကားသစ်များ ကြည့်ရှုချင်သူများအတွက် ! 📥 အသစ်တင်တိုင်း သိရဖို့ Channel ကို Join လုပ်ထားပါ ➡️ Join Channel  ❤️https://t.me/Blcn23 https://t.me/mb5727 https://t.me/Kse2388 https://t.me/Tpm567
Show all...
Repost from Bollywood Cinema
Photo unavailableShow in Telegram