Myanmar National Post
前往频道在 Telegram
သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com
显示更多31 125
订阅者
-1124 小时
-737 天
-27130 天
帖子存档
23:01
视频不可用在 Telegram 中显示
သတင်းကောက်နှုတ်ချက် (၁၆-၁၂-၂၀၂၅)
မှတ်ပုံတင်ထုတ်ပေးရေး အဆင်ပြေစေရန်၊
ဒေါ်စုကို သေစေလိုသော ပြည်ဖျက်မိစ္ဆာများ၊
ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖန်တီးသူမဖြစ်ပါစေနဲ့၊
NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံများ တပ်ပေါင်းစုဖွဲ့စည်း၊
#MNP #News #Talk
210.MP4522.52 MB
👍 38❤ 4🐳 1
အပစ်ရပ်ဖို့အတွက် ထိုင်းစစ်တပ်က အချက် ၃ ချက် တောင်းဆို
ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ )
ထိုင်းစစ်တပ် ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာန မှာ ဒီကနေ့ပြုလုပ်တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆူရာဆန့် ကောင်စီရီ က အပစ်ရပ်ဖို့အတွက် အချက် ၃ ချက် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
သူက ( ၁ ) ကမ္ဘောဒီးယားသည် အပစ်အခတ်ရပ်စဲရေးကို ဦးစွာကြေညာရမည်၊ ( ၂ ) အပစ်အခတ်ရပ်စဲရေးသည် စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲရန် လိုအပ်ပြီး ခေတ္တရပ်တန့်ခြင်းမဟုတ်ဘဲ အသစ်ပြန်လည်ဖြစ်ပွားနိုင်တဲ့ အကြမ်းဖက်မှုများကို ရပ်တန့်ထားရမည်။ ( ၃ ) ကမ္ဘောဒီးယားသည် မြေမြှုပ်မိုင်းရှင်းလင်းရေးတွင် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည် တို့ပဲ ဖြစ်ပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_229.html
👍 22❤ 13🤔 2
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ဘိုကလေးပညာရေးဒီဂရီကောလိပ် ပထမနှစ်ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်
ဘိုကလေး၊ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နေ့လယ် (၁) နာရီအချိန်၌ ဘိုကလေးပညာရေးဒီဂရီကောလိပ် ပထမနှစ်ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးနှင့်ကော်မတီဝင်များ၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများ၊ မောင်မယ်သစ်လွင် သင်တန်းသား/သူများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_235.html
👍 21❤ 9
ရုရှားတရားရုံးတစ်ခုက ဘယ်လ်ဂျီယံဘဏ်ကို တရားစွဲတဲ့ အမှုအား စတင်ကြားနာပြီ
ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ )
ဘယ်လ်ဂျီယံဘဏ်ဖြစ်တဲ့ ယူရိုကလီးယားဘဏ်မှာ အပ်နှံထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကရထားတဲ့ ဘဏ်တိုး ကန်ဒေါ်လာ ၂၃၀ ဘီလီယံကို ဥရောပသမဂ္ဂအား ထုတ်ပေးဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ရုရှားဗဟိုဘဏ်( CBR )က ယူရိုကလီးယားကို တရားစွဲရန်အတွက် တရားရုံးတင်ရာ တရားရုံးက ကြားနာဖို့အတွက် စတင်လိုက်ပါပြီ။
ပြီးခဲ့တဲ့အပတ်ကတည်းက CBR သည် အီးယူနိုင်ငံတွေသိမ်းဆည်းထားတဲ့ ရုရှား ပိုင်ဆိုင်မှုအမြောက်အများနဲ့ ပတ်သက်ပြီး ကိုင်ဆောင်ထားတဲ့ဘဏ်တွေကို တရားဝင်တရားစွဲဆိုမှုများ စတင်ခဲ့ပါတယ်။ အီးယူသည် အရေးပေါ်အာဏာများကို အသုံးပြုပြီး ရုရှားပိုင်ဆိုင်မှုတွေကို ခေတ္တဆိုင်းငံ့ထားရန်အတွက် ဘဏ်တွေထဲကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရုရှားဘက်ကတော့ အဲ့ဒိလိုလုပ်တာက ခိုးတာပဲလို့ စွပ်စွဲထားပါတယ်။ မော်စကို အနုညာတတရားရုံး မှတ်တမ်းများအရ အဆိုပါတရားစွဲဆိုမှုကို သောကြာနေ့တွင် မှတ်ပုံတင်ခဲ့ကြောင်း သိရပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_168.html
👍 44👏 5❤ 4
ဒေါ်နယ်ထရမ့်က ဘီဘီစီရုပ်သံလိုင်းကို အသရေဖျက်မှု နဲ့ လျော်ကြေး ၁၀ ဘီလီယံတောင်းပြီ
ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ )
ဗြိတိန်နိုင်ငံပိုင် ရုပ်သံလိုင်း ဘီဘီစီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် မိန့်ခွန်းကို လိုတဲ့နေရာလေးတွေပဲရွေးပြီး တည်းဖြတ်ပြီး ထုတ်လွှင့်ခဲ့တဲ့အတွက် အဲ့ဒိ ဗီဒီယိုဖိုင် က ဒေါ်နယ်ထရမ့်ကို အသရေဖျက်သလို ဖြစ်သွားတာကြောင့် အခုတော့ ထရမ့်က အသရေဖျက်မှုနဲ့ တရားစွဲပြီး ကန်ဒေါ်လာ ၁၀ ဘီလီယံ ရလိုကြောင်း တရားရုံးကို လျှောက်ထားတယ်လို့ သိရပါတယ်။
တနင်္လာနေ့တွင် မိုင်ယာမီရှိ ဗဟိုတရားရုံးတွင် တင်သွင်းသည့် တရားစွဲဆိုမှုမှာ ဘီဘီစီရဲ့ ရုပ်သံတည်းဖြတ်မှုတွေ ကို ပြန်ပြခဲ့ပါတယ်။ “သူတို့က ကျနော့်ကို တစ်ခါမှ မပြောဖူးတဲ့ အရာတွေကို ပြောခိုင်းတယ် ပြီးတော့… သူတို့က ကျနော့်ရဲ့ ပါးစပ်ထဲကို ကြောက်စရာကောင်းတဲ့ စကားလုံးတွေ ထည့်ထားတယ်” လို့ ထရမ့် က မနေ့က လုပ်တဲ့ သတင်းစာရှင်းလင်ပွဲမှာ ပြောသွားပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_454.html
👍 44👏 12❤ 2
照片不可用在 Telegram 中显示
ရွေးကောက်ပွဲကို နှောက်ယှက်ရန်ရည်ရွယ်၍ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်ဟု မဟုတ် မမှန်သတင်းများဖြင့် ဝါဒဖြန့်နေခြင်းဖြစ်
နေပြည်တော်၊ ဒီဇင်ဘာ ၁၆
အင်္ဂလန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဒုတိယသားဖြစ်သူ ကင်မ်အဲရစ်မှ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲတွင် ကွယ်လွန်ပြီး ဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက် ပြောဆိုလာမှုကို ပြည်ဖျက်မီဒီယာများကလည်း သတင်းတု၊ သတင်းအမှားများဖြင့် ပုံကြီးချဲ့ လှုံ့ဆော်ဝါဒဖြန့်နေခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါကြောင်း ဖြေကြားထားသည်။
အင်္ဂလန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဒုတိယသားဖြစ်သူ ကင်မ်အဲရစ် ၏ လုပ်ကြံဖန်တီးရေးသားမှုနှင့် ပတ်သက်၍ "၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုပြုလုပ်ခဲ့မှု အပါအဝင် အမှုပေါင်းများစွာဖြင့် အကျဉ်းကျခံနေ သည့် ဒေါ်အောင်ဆန်းစုကြည် ကို သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီး ဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက် ပြောဆိုလာမှုကို ပြည်ဖျက်မီဒီယာများကလည်း သတင်းတု၊ သတင်းအမှားများဖြင့် ပုံကြီးချဲ့ လှုံ့ဆော်ဝါဒဖြန့်ဝေလျက် ရှိကြောင်း၊ အဆိုပါ သတင်းသည် သတင်းအမှားသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါကြောင်းနှင့် မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်လိုသည့်အတွက် အချိန်ကိုက် လုပ်ကြံဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
မဲလိမ်မဲခိုးမှုများပြုလုပ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည် က "ကျွန်မရဲ့အယူအဆကတော့ မဲပေးပိုင်ခွင့်ရှိတာနဲ့အမျှ တာဝန်လည်းရှိတယ်။ ကိုယ့်နိုင်ငံအတွက် တာဝန်ယူချင်တဲ့စိတ်က လူတိုင်းလူတိုင်းမှာ ရှိရမယ်။ ကိုယ်ကြိုက်သလိုမဲပေးရမယ်။ ဒါပေမဲ့ မဲမပေးဘဲနဲ့တော့ ဒီစနစ်ကြီးကိုမကြိုက်ဘူးတို့၊ ဟိုဟာမကြိုက်ဘူးတို့၊ ဒီဟာမကြိုက်ဘူးတို့ပြောတာက အင်မတန်တာဝန်မဲ့တာပဲ။ ငါးနှစ်မှာမှ တစ်ရက်အချိန်ပေးရတဲ့တာဝန်ကိုကျေပွန်အောင် နိုင်ငံသူနိုင်ငံသားအားလုံးကလုပ်ဖို့လိုပါတယ်" ဟု ပြောခဲ့ဖူးသည်။
ဒီကနေ့ ၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၅ ရက်မနက်ပိုင်းက သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ကိုဗစ်ကာလ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲဝင် ဦးမြင့်နိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဦးထက်အောင်တို့နဲ့ အွန်လိုင်းမှ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရက စီစဉ်ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ယခင် NLD ဦးဆောင်သူများ ဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များနှင့် အပေါင်းအပါ မီဒီယာများက နည်းမျိုးစုံဖြင့် အဖျက်အမှောင့် ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ကွယ်လွန်ပြီဟု မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ဖြန့်ချိ၍ အများသူ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်လျက်ရှိသည်။
#MNP #News
👍 36❤ 7
07:16
视频不可用在 Telegram 中显示
ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနီးစခန်းဝန်းကျင်မှ မဲဆန္ဒရှင် မိဘပြည်သူများနဲ့ တွေ့ဆုံမှုမှတ်တမ်း
#MNP #News #2025Election
026.MP483.37 MB
👍 24❤ 5
照片不可用在 Telegram 中显示
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခနှင့် ပတ်သက်၍ အရေးတကြီးလုပ်ဆောင်ရမည်မှာ အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲရပ်တန့်ရေးနှင့် အရပ်သားများအား ကာကွယ်စောင့်ရှောက်ရေးတို့ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ပေကျင်း၊ ဒီဇင်ဘာ ၁၆
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဒီဇင်ဘာ ၁၅ ရက်တွင် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပဋိပက္ခနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏မေးမြန်းချက်ကို ဖြေကြားရာ၌ လက်ရှိအရေးတကြီးလုပ်ဆောင်ရမည်မှာ အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲရပ်တန့်ရေးနှင့် အရပ်သားများအားကာကွယ်စောင့်ရှောက်ရေးတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံနယ်စပ် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားအား ထိန်းသိမ်းကာကွယ်သည့် ဦးတည်ချက်ဖြင့် အတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်၊ အပစ်အခတ်ရပ်စဲရေးဖော်ဆောင်မှုအား အထောက်အကူဖြစ်စေမည့် အစီအမံအားလုံးကို လုပ်ဆောင်ရန်၊ အခြေအနေဖြေလျှော့ရေး ဆောလျင်စွာ ရရှိရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက မကြာသေးမီရက်များတွင် သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်များသည် ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံခေါင်းဆောင်များနှင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်၍ ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံအကြား အမြန်ဆုံးအပစ်အခတ်ရပ်စဲရန် မြှင့်တင်ဆောင်ရွက်ခဲ့သော်လည်း ကမ္ဘောဒီးယား-ထိုင်းနယ်စပ်တွင် ပဋိပက္ခများသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက မည်သို့ မှတ်ချက်ပေးသနည်း၊ တရုတ်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေး မြှင့်တင်ရန်အတွက် မည်သည့်ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပါသနည်းဟူ၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အိမ်နီချင်းကောင်း၊ မိတ်ဆွေကောင်းအနေနဲ့ တရုတ်နိုင်ငံက ကမ္ဘောဒီးယား-ထိုင်းနယ်စပ် လက်ရှိအခြေအနေအပေါ် အထူးပဲ အာရုံစိုက်လျက်ရှိပါတယ်။ ပဋိပက္ခကြောင့် ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံပြည်သူတွေ ထိခိုက်သေဆုံးရတဲ့အတွက် အလွန်ဝမ်းနည်းကြေကွဲရသလို စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်အားပေးလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ပြောင်းရွှေ့မရသော အိမ်နီးချင်းများဖြစ်ပြီး "ဂရုဏာရှိသူ နှင့် ချစ်ခင်ရင်းနှီးခြင်း၊ အိမ်နီးချင်းများအပေါ် စေတနာထားဆက်ဆံခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အဖိုးတန်ရတနာတစ်ပါးဖြစ်သည်" ဟု ၎င်းက ဆက်၍ပြောကြားခဲ့သည်။
လက်ရှိအရေးတကြီးလုပ်ဆောင်ရမည်မှာ အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲရပ်တန့်ရေးနှင့် အရပ်သားများအားကာကွယ်စောင့်ရှောက်ရေးတို့ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံနယ်စပ် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားအား ထိန်းသိမ်းကာကွယ်သည့် ဦးတည်ချက်ဖြင့် အတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်၊ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်မှုအား အထောက်အကူဖြစ်စေမည့် အစီအမံအားလုံးကို လုပ်ဆောင်ရန်၊ အခြေအနေဖြေလျှော့ရေး ဆောလျင်စွာ ရရှိရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား-ထိုင်း ဆွေးနွေးမှုအတွက် အခြေအနေများ ဖန်တီးပေးရန်၊ ပလက်ဖောင်းတစ်ခု ပံ့ပိုးပေးရန် ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ၏ ဆန္ဒနှင့်အညီ လမ်းကြောင်းအမျိုးမျိုး၊ အလွှာအမျိုးမျိုးမှတစ်ဆင့် နှစ်နိုင်ငံလုံးနှင့် နီးကပ်စွာ ညှိနှိုင်းဆွေးနွေးမှု ထိန်းသိမ်းထားပြီး တက်ကြွစွာ ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းတာ၊ အာဆီယံ အထူးသဖြင့် မလေးရှားရဲ့ ကြားဝင်စေ့စပ်ရေးအတွက် ကြိုးပမ်းမှုတွေ၊ အာဆီယံမူဘောင်အတွင်း နှစ်ဖက်လုံးလက်ခံနိုင်တဲ့ ဖြေရှင်းချက်တစ်ရပ်ကို ရှာဖွေတာတွေကို တရုတ်နိုင်ငံက ထောက်ခံအားပေးပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြှင့်တင်ရန် ဆက်လက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးတို့ မြှင့်တင်ရာတွင် မိမိနည်းမိမိဟန်ဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref - (Xinhua)
#MNP #News #International
👍 20❤ 8
ကြံခင်းမြို့၌ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ
ကြံခင်း၊ ဒီဇင်ဘာ ၁၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဗိုလ်ချုပ်လမ်းနှင့် သိပ္ပံလမ်းဆုံတွင် ဖြန့်ဝေပေးကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_990.html
👍 15❤ 6
မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်ရှိ Wai Wai (Phone service & Accessories )ဆိုင်တွင် မိန်းခုံအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
မြောက်ဥက္ကလာ၊ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်ရှိ Wai Wai (Phone service & Accessories )ဆိုင်တွင် မီတာပုံးအောက်ရှိ မိန်းခုံအပူလွန်ကဲ၍ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၅၉ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသ်ရသည်။
ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁၃၀)၊ ကျောက်ရေတွင်းရပ်ကွက်ရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်းနှစ်ထပ်အဆောက်အဦ မီးလောင်နေကြောင်းသတင်းအရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်များဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွား ရောက်မီးငြိမ်းသတ်ရာ နံနက် ၄ နာရီ ၁၃ မိနစ် အချိန် ခန့်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/wai-wai-phone-service-accessories.html
👍 13😢 8😱 4❤ 2
ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှု(Campaign)များ အရှိန်အဟုန်မြှင့် ဆောင်ရွက်
ပုဇွန်တောင်၊ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် လှုံ့ဆော်မှု (Campaign)များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/campaign_16.html
❤ 14👍 8
07:02
视频不可用在 Telegram 中显示
မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်၊ လူငယ်များစွာ ဆုံးရှုံးခဲ့ရ
ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး မိဘပြည်သူများအား ရှင်းလင်းပြောကြားချက်မှ ကောက်နှုတ်ဖော်ပြပါသည်။
#MNP #News #2025Election
025.MP4159.71 MB
👍 24❤ 5
မူလပိုင်ရှင်က ပြန်လည်ချထားပေးရန် တင်ပြထားပြီး စစ်ဆေးဆောင်ရွက်နေဆဲမြေယာပေါ်တွင် မသာမာသောနည်းဖြင့် ဂရန်ရရှိထားသူများက မြေများရှင်းလင်းခြံခတ်နေမှုကို တားမြစ်ပေးပါရန်လျှောက်ထားတင်ပြခြင်း
(အိတ်ဖွင့်ပေးစာ)
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်တွင် နေထိုင်သူ ကျွန်မဒေါ်လှလှသည် မိခင်ဒေါ်စိန်မြိုင် ပိုင်ဆိုင်သည့် ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်ရှိ ကွင်းအမှတ်(၁၈၅) ဦးပိုင်အမှတ်(၂၁)ရှိ လယ်ဧက(၂၀)ကိုနိုင်ငံတော်အစိုးရမှ မြို့ပြစီမံကိန်းအတွက် သိမ်းဆည်းခဲ့ပါတယ်။
သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် ညွှန်ကြားချက်အရ စီမံကိန်းဖေါ်ဆောင်ခြင်းမရှိသေးသည့် လစ်လပ်မြေများကို ပြန်လည်လျှောက်ထားဆဲမှာ၂၀၁၅ရွေးကောက်ပွဲအ စိုးရအပြောင်းအလဲဖြစ်ပေါ်ပြီး NLDပါတီအာဏာရသည့် အစိုးရသက်တမ်းတွင် ထပ်မံတင်ပြတောင်းဆိုခဲ့ပါတယ်။
တင်ပြမှု့နှင့်စပ်လျဉ်း၍ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးရုံးမှ ခေါ်ယူစစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ရန်ကုန်မြို့တော်စည်ပင်တာဝန်ရှိသူ တစ်ဦးက မြို့နယ်ရုံးတွင် ခေါ်ယူတွေ့ဆုံပြီး ပြန်လည်စွန့်လွှတ်ပေး၍ မရကြောင်း ပြောဆိုသည့်အတွက် ပြန်လည်တင်ပြတောင်းဆိုမှုကို ရပ်ဆိုင်းခဲ့ပါတယ်။သို့သော်လည်းယခုအချိန်ထိ လစ်လပ်မြေ(၅)ဧကခန့်ပေါ်တွင် နိုင်ငံတော်မှ မည်သည့်စီမံကိန်းမှ ဆောင်ရွက်ထားခြင်းမရှိဘဲ မူလတောင်းခံသူကို ပြန်လည်ချထားခြင်းမရှိသည့်အပြင် အခြားသူတစ်ယောက်ကို ပါမစ်ချပေးလိုက်ခြင်းကြောင့် မြေကွက်များရိုက်ပြီး ရောင်းချနေကြောင်း သိရှိရ၍ နိုင်ငံတော်စီမံအုပ်ချပ်ရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲများနှင့်တကွ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံသို့ မူလပိုင်ရှင်ထံပြန်လည်ချထားပေးနိုင်ရန် ထပ်မံတင်ပြခဲ့ပါတယ်။
ထိုသို့ တင်ပြမှု့နှင့်စပ်လျှဉ်း၍ တွံတေးခရိုင်ရုံးမှ ခေါ်ယူစစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ပါသည်။ ခေါ်ယူစစ်ဆေးမေးမြန်းရာတွင် ရုံးခန်းတံခါးပိတ်ပြီး ကျွန်မတစ်ယောက်ထဲသာဝင်ရပြီး နစ်နာသူကျွန်မကို သူတို့မေးခွန်းတွေကို အမှန်တိုင်းပြောပါ၊ အမှန်တိုင်းမပြောဆိုက ကျွန်မကိုဖမ်းချုပ်ထားမယ်လို့ ခရိုင်မှူး ကပြောဆိုပြီးကျွန်မရဲ့ထွက်ဆိုချက်တွေကို ဖုန်းနဲ့ရိုက်မယ်ဆိုပြီး ကျွန်မကိုဖုန်းထောင်ပြပြီး ကျွန်မကိုမေးမြန်းနေစဉ် ဖုန်းထောင်ပြီးရိုက်နေပါတယ်/ အကွက်ရိုက်ရောင်းနေတယ်ဆိုတာ သက်သေပြနိုင်လား မေးတော့ ကျွန်မဖုန်းထုတ်ပြမယ်လုပ်တော့ လေလှိုင်းကဟာတွေ မပြနဲ့တရားမဝင်ဘူးပြောပါတယ်။ ယခုအခါတွင် ခရိုင်မှူးကို ပြခဲ့သော မှော်စက်ရပ်ကွက်၊ နီလာလမ်းE(1336) F(1336)ဂရပ်(၂)ခုစလုံး ဦးထွန်းအောင်ကျော် ၁၂/ကခက(နိုင်)၀၀၆၂၂၃ အမည်နဲ့ဂရမ်ကို၂၅-၇-၂၀၂၅နေ့မှာ ထုတ်လိုက်ပါတယ်။ ကျွန်မကို တွံတေးခရိုင်ရုံးကို ခေါ်တွေ့သောနေ့သည် ၂၂-၇-၂၀၂၅ နေ့ဖြစ်ပြီး ဂရန်ထုတ်ပေးသောနေ့သည် ၂၅-၇-၂၀၂၅နေ့ ဖြစ်နေပါတယ်။
ယခုအခါတွင် ထိုဂရန်ကိုကိုင်ဆောင်ထားသူသည် ကျွန်အမေစိုက်ထားသော အုန်းပင်များခုတ်လှဲ မြေညှိပြီး ခြံများခတ်ထားကြောင်း ဓါတ်ပုံနှင့် ဂရန်မိတ္တူကိုပါ သက်သေနှင့်တကွ တင်ပြပါတယ်။ နိုင်ငံတော် ယာယီသမ္မတကြီးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကြီးတို့ ကျွန်မရဲ့နစ်နာဆုံးရှုံးမှုကို ဥပဒေ လမ်းညွှန်ချက်များနှင့်အညီ အမှန်တရားအတိုင်း ဖြေရှင်းပေးနိုင်ပါရန် လေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါတယ်။
လေးစားစွာဖြင့်
ဒေါ်လှလှ
#MNP #News #OpenLetter
👍 39❤ 9
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ ပြုလုပ်
နေပြည်တော်၊ ဒီဇင်ဘာ ၁၆
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_331.html
👍 30❤ 11
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ရှိ အထူးကုသမှုစင်တာတို့၌ ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး၍ မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အား သွားရောက်ကြည့်ရှုစစ်ဆေး
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_474.html
👍 29❤ 11
12:06
视频不可用在 Telegram 中显示
ဒေါ်တင်မမမောင် ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုနှင့် ကလေးတစ်ယောက် မွေးစားရခြင်း သင်ခန်းစာ
(အပိုင်း - ၃)
#MNP #News #Interview
024.MP4271.89 MB
👍 27❤ 5
12:11
视频不可用在 Telegram 中显示
ဒေါ်တင်မမမောင် ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုနှင့် ကလေးတစ်ယောက် မွေးစားရခြင်း သင်ခန်းစာ
(အပိုင်း - ၂)
#MNP #News #Interview
023.MP4273.91 MB
👍 24❤ 5
13:24
视频不可用在 Telegram 中显示
ဒေါ်တင်မမမောင် ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုနှင့် ကလေးတစ်ယောက် မွေးစားရခြင်း သင်ခန်းစာ
(အပိုင်း - ၁)
#MNP #News #Interview
022.MP4300.98 MB
👍 28❤ 5
မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့ မြဝတီမြို့ KK Park နှင့် ရွှေကုက္ကိုလ်ဒေသများ သို့ လှည့်လည်သွားရောက်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ဆွေးနွေးညှိနှိုင်း
နေပြည်တော်၊ ဒီဇင်ဘာ ၁၅
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင် ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ် နယ်မြေ များတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုများ တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်-ထိုင်း (၃)နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/kk-park_25.html
👍 33❤ 9👏 3
မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၃၃ ဘီလီယံကျော်တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၈ တန်နှင့် ကက်တမင်း ၁ ဒသမ ၈ တန်ကျော်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၁၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီအချိန် သတင်းအရ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့ သစ်၊ (၁၉)ရပ်ကွက်၊ ကနောင်(၁)လမ်းတွင် ရွှေမောင်ဆန်း၊ မင်းဇော်လှိုင်(ခ)မင်းဇော်၊ အောင်ကျော်မျိုး(ခ) ငပိန်၊ မောင်မောင်သန်း(ခ)ဝင်းသန်း တို့ ၄ ဦးအား ကက်တမင်း ၁ ဒသမ ၈ တန်ကျော်၊ HINO BOX မော်တော်ယာဉ် ၁ စီး၊ MARK-X မော်တော်ယာဉ် ၁ စီး၊ LIGHT TRUCK မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/12/blog-post_101.html
👍 30❤ 6👏 6
