Movie Time
الذهاب إلى القناة على Telegram
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @phyoesithu12 Ck Lottery/Big Win လက်မခံပါ
إظهار المزيد47 733
المشتركون
-33624 ساعات
-5787 أيام
-57830 أيام
أرشيف المشاركات
Repost from N/a
Photo unavailableShow in Telegram
" The Holy Man 3 " (2010)
နွိုင် အဖြစ် Sukosol Clapp Krissada
ဇာတ်လမ်းအကျဥ်း
ဒီရုပ်ရှင်ကားလေးကတော့ ထိုင်းလူ့အသိုင်းအဝိုင်းကိုစိတ်ကုန်လို့ဆိုပြီး ရော့ခ်စတားဘဝကနေနှုတ်ထွက်ကာ ဘုန်းကြီးဝတ်လိုက်တဲ့ ရော့ခ်စတားနွိုင်ရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ရော့ခ်စတားဖြစ်တဲ့အတွက် သူ့ပရိတ်သတ်တွေကလည်း ရော့ခ်ဆန်ဆန် ဝုန်းဒိုင်းကြဲရတာကိုကြိုက်ကြပါတယ်။ အဲ့ဒါကြောင့်လည်း သူဖျော်ဖြေပွဲကျင်းပတိုင်း ပရိတ်သတ်ချင်းရန်ဖြစ်ကြလွန်းလို့ မီဒီယာတွေရဲ့အပြစ်ပြောတာကို အမြဲခံရပါတယ်။ နောက်ဆုံးမှာတော့ ရော့စ်စတားလေးနွိုင်ဟာ မခံနိုင်တော့တဲ့အဆုံး ပူလောင်လှတဲ့လူ့အသိုင်းအဝိုင်းကိုစွန့်ခွာပြီးတော့ အေးချမ်းရာရှာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
Repost from N/a
3:00:49
Video unavailableShow in Telegram
ပေးရတဲ့အချိန်နဲ့ တန်အောင်ကောင်းတဲ့ အမိုက်စား ကိုရီးယားဇာတ်ကား
IMG_0677.MP41622.59 MB
Repost from N/a
Photo unavailableShow in Telegram
🔸ဇာတ်လမ်းကြာချိန် 3 နာရီလောက်ကို ထထိုင်ထဲကြည့်ဖြစ်သွားမဲ့ ဇာတ်ကားကို ပြပါဆိုရင်တော့ မင်းသားကြီး လီဗြောင်ဟွန်း ရဲ့ ဒီဇာတ်ကားက ထိပ်ဆုံးကပါပဲ ။ ဂန်းစတားဆန်ဆန် အက်ရှင် Character တွေဆို အမြဲမိုက်နေတဲ့ လီဗြောင်ဟွန်းကို ဒီဇာတ်ကားထဲမှာလဲ အထာကျကျ မြင်တွေ့ရမှာပါ ။ ဇာတ်ဝင်ခန်းတိုင်းက Dialogue တွေ၊ Character အချိတ်အဆက်မိမှုတွေကလဲ ဒီကားကို အဆုံးထိကြည့်ချင်အောင် ဆွဲခေါ်သွားစေမှာပါ ကိုရီးယား ရဲ့ နိုင်ငံရေးလောက ထဲက ရှုပ်ထွေးလှတဲ့ ကစားကွက်တွေ ၊ အချင်းချင်း ကွက်ကျော်ရိုက်မှုတွေ နဲ့ အာဏာပြိုင်ဆိုင်မှုတွေ ကြားထဲက လွန်ဆွဲ ပွဲတွေကို မြင်တွေ့စေမိမှာပါ ။ သေချာတာတခုကတော့ ဇာတ်လမ်းပြီးတာတောင် အချိန်အတော်အတန်ကြာ ပရိသတ်အတွေးထဲ နေရာ ယူစေမဲ့ အမိုက်စား ဇာတ်လမ်းတပုဒ်ဖြစ်မယ်ဆိုတာကတော့ အသေအချာပါပဲ
Repost from N/a
Photo unavailableShow in Telegram
ချစ်ပန်းဖြာဝေ ယွင်ချိုးမြေ (云丘邂逅)
Rendezvous at Yunqiu Mountain (2025)
"ဒီထာဝရချစ်ခြင်းကိုသာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ကျွန်မရဲ့ စက်နှလုံးသားဟာ ပျက်စီးပြိုလဲသွားပါစေ... ရှင့်ရဲ့ ရင်ခွင်ကိုတော့ ဘယ်တော့မှ လက်လွှတ်ခံမှာ မဟုတ်ဘူး"
ဒီတစ်ခါမှာတော့ GC Chinese ပရိသတ်များအတွက် စိတ်ကူးယဉ်အချစ်ဇာတ်လမ်းနဲ့ လျှို့ဝှက်ချက်များကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ယွင်ချိုးမြေမှာ ချစ်ပန်းဝေ (Rendezvous at Yunqiu Mountain) ဆိုတဲ့ Mini Drama အသစ်လေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်
ဒီဇာတ်လမ်းလေးကတော့ တရုတ်ပြည်ရဲ့လှပတဲ့ ယွင်ချိုးတောင်တန်းရဲ့ ရင်သပ်ရှုမောဖွယ်ရှုခင်းများကို ချစ်ခြင်းမေတ္တာ၏ နောက်ခံကားချပ်အဖြစ် ရိုက်ကူးထားပြီး၊ ကံကြမ္မာရဲ့ စိန်ခေါ်မှုများကို ချစ်ခြင်းဖြင့် အနိုင်ယူလိုသူများအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်း -
ယွင်ချိုးတောင်ရဲ့ နက်နဲလှတဲ့ အလှတရားများအောက်မှာ လင်ချိုးရဲ့ရင်ထဲမှာ သွေးသားမဲ့တဲ့စက်နှလုံးသားကိုဖုံးကွယ်ရင်းနဲ့ မြို့တော်ကြီးကိုလှုပ်ခါစေမည့် နက်နဲသောလျှို့ဝှက်ချက်များကို ထိန်းသိမ်းပြီး အထီးကျန်စွာ နေထိုင်နေရတယ်
သူမရဲ့ တိတ်ဆိတ်နေတဲ့ ကမ္ဘာငယ်လေးထဲကို ရှန်လီဆိုတဲ့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့သူတစ်ဦးက ကံတရားရဲ့မီးမြှားသဖွယ် ရောက်ရှိလာခဲ့ရာပြီး တာဝန်ကျေပွန်မှုဖြင့် စတင်ခဲ့သော ထိုဆက်နွှယ်မှုသည် အတိတ်ကနာကျင်မှုများမှတစ်ဆင့် ပေါက်ဖွားလာတဲ့ မလွန်ဆန်နိုင်တဲ့အချစ်ထောင်ချောက် ဖြစ်လာခဲ့ပါတော့တယ်...
"အတိတ်ကအပြစ်တွေနဲ့ ပစ္စုပ္ပန်မှာ ရင်ဆိုင်ရတဲ့အခါ... စက်နှလုံးသားဟာ အချစ်ကိုပဲ ရွေးချယ်ပြီး တုန်ခါလာဦးမလား"
လင်ချိုး ရဲ့ စက်နှလုံးသားက ရှန်လီရဲ့ နွေးထွေးမှုတွေကြောင့် ပရိုဂရမ်များကိုဆန့်ကျင်ကာ ရင်ခုန်လာခဲ့ပါတယ်။ သူမရဲ့ အတိတ်နာကျင်မှုတွေအားလုံးကို လျစ်လျူရှုပြီး ရှန်လီရဲ့ ချစ်ခြင်းကိုပဲ တောင့်တလာခဲ့တဲ့အခါမှာတော့...
"တကယ်လို့ ရှင်သာ ကျွန်မအနားမှာ ရှိမနေခဲ့ဘူးဆိုရင်... ဒီစက်နှလုံးသားကလည်း ဘယ်လိုမှ ရင်ခုန်တတ်မှာ မဟုတ်ဘူး။"
— လင်ချိုး
ဒီကံကြမ္မာရဲ့စေညွှန်ရာချစ်ခြင်းမေတ္တာကို ထိတွေ့ခံစားလိုက်ရတဲ့ ရှန်လီကလည်း နောက်ဆုတ်ခြင်းမရှိတော့ဘဲ အတိတ်က နာကျင်ဖွယ်အပြစ်ကြွေးကို ချစ်ခြင်းဖြင့်ရင်ဆိုင်ပြီး လင်ချိုးကို ထာဝရကာကွယ်ပေးရန် ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်...
"ဒီရင်ခုန်သံကို စတင်စေခဲ့တာ ကိုယ်ဆိုရင်... အဆုံးသတ်ကိုလည်း ကိုယ့်ရဲ့ အချစ်နဲ့ပဲ ကာကွယ်ပေးပါ့မယ်။"
— ရှန်လီ
လင်ချိုးရဲ့စက်နှလုံးသားမှ ပေါက်ဖွားလာတဲ့ အချစ်မီးပွားတွေက အတိတ်ရဲ့အပြစ်ကြွေးကို ချစ်ခြင်းနဲ့ဆပ်မယ့် ရှန်လီရဲ့ကံကြမ္မာကို ဘယ်လိုတွေပြောင်းလဲသွားစေမလဲ... ချစ်ခြင်းမေတ္တာရဲ့အံ့ဖွယ်စွမ်းအားကို မြင်တွေ့ရမဲ့အချစ်ဇာတ်လမ်းလေးကို GC Chinese မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်
Review by April Amora
Translated by GC Chinese Team
Encoded by Feng
#ချစ်ပန်းဖြာဝေယွင်ချိုးမြေ
အစအဆုံးကြည့်ရန် 🔽🔽🔽
https://t.me/Mm89807
Repost from N/a
2:03:37
Video unavailableShow in Telegram
S-t-r-e-a-m (2024)
Stream.2024.720p.WEBRip.mp41039.26 MB
Repost from N/a
Photo unavailableShow in Telegram
Stream (2024)
(ေ သွ-း-ထွ-က်-သံယိုအခန်းများနှင့်အဖော်အချွတ်အခန်းတချို့ ပါဝင်သောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော့ပါ။)
ဒီဇာတ်ကားလေးကတော့ မိသားစုတစ်စု သံယောဇဉ်ပိုတိုးအောင် ခရီးတစ်ခုထွက်ရင်း ဟိုတယ်တစ်ခုကို တည်းရာကနေ ေ သွ-း-သံ-ရဲရဲ အန္တရာယ်တောထဲ ရောက်တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကျဉ်း
ကီနန်မိသားစုမှာ သားဖြစ်သူနဲ့ သမီးဖြစ်သူက ဆယ်ကျော်သက်အရွယ်ရောက်လာပြီး ဖုန်းတွေ ဂိမ်းတွေ စွဲလာကြတဲ့အတွက် သူတို့မိသားစုလေးက အရင်လို သိုက်သိုက်ဝန်းဝန်းမရှိတော့ပဲ သူ့အခန်း ကိုယ့်အခန်းမှာ ဖုန်းကိုယ်စီနဲ့ တကွဲတပြားဖြစ်လာပါတော့တယ်။
ဒါကို လက်မခံနိုင်တဲ့ ကီနန်တို့လင်မယားဟာ သားနဲ့ သမီးကို ခေါ်ပြီး အပန်းဖြေခရီးထွက်ကာ ဒီခရီးမှာ အရင်လို သံယောဇဉ်တိုးပြီး ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာအောင် ကြိုးစားကြပါတော့တယ်။
ဒီလိုနဲ့ သူတို့တည်းရမဲ့ဟိုတယ်ရောက်သွားတဲ့အခါ ဟိုတယ်က ပြုပြင်ထိန်းသိမ်းရေးလုပ်နေလို့ ဝိုင်ဖိုင်မရသေးဘူးလို့ဆိုပါတယ်။
ဒါ့အပြင် ဟိုတယ်ရဲ့ နေရာတိုင်းမှာ ကွာလတီအကောင်းစား စီစီတီဗွီကင်မရာတွေကို တပ်ဆင်နေတာကို တွေ့လိုက်ရပါတယ်။
သူတို့မိသားစုကတော့ အင်တာနက်မရလေ မိသားစုချင်း အချိန်ကုန်ဆုံးလို့ကောင်းလေလေလို့ မှတ်ပြီး စိတ်ထဲ အထွေအထူးမတွေးခဲ့ပါဘူး။
ဒီလိုနဲ့ ညဘက်မှာ ဆယ်ကျော်သက်သမီးကြီးက အခန်းပြင်ခိုးထွက်ပြီး ဟိုတယ်ဧည့်ခန်းမှာ တွေ့ခဲ့တဲ့ ဘဲတစ်ယောက်နဲ့ သွားတွေ့ပါတော့တယ်။
ဒါကိုသိသွားတဲ့ အဖေဖြစ်သူက လိုက်ရှာတဲ့အချိန်မှာ ဟိုတယ်တစ်ခုလုံးရဲ့ တံခါးနဲ့ ထွက်ပေါက်တွေက သော့ခတ်ထားပြီး ဝန်ထမ်းတွေ အကုန်ပျောက်နေတာကို ထူးဆန်းစွာ တွေ့လိုက်ရပါတော့တယ်။
ဒီတော့ ဒီဟိုတယ်မှာ တကယ်တမ်း ဘာတွေဖြစ်နေတာလဲဆိုတာကို ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
Repost from N/a
Photo unavailableShow in Telegram
" Comeback : The Holy Man Comeback " (2024)
အသစ်ထွက်ထားတဲ့ ထိုင်းဘုန်းကြီးဟာသကားတစ်ပုဒ်ဖြစ်ပြီး လတ်တလော လူကြိုက်များနေတဲ့ ထိုင်းမင်းသားချော august vachiravitလေးပါဝင်ထားပါတယ်ရှင့်...
ဇာတ်လမ်းအကျဥ်း...
ဟောင်းနွမ်းခါနီးဖြစ်နေတဲ့ ဘုန်းကြီးကျောင်းကို ပြန်လည်စည်ကားလာအောင် ဦးဇင်းထိန်တစ်ပါး တိဗက်ကနေပြန်လာပြီး မိခင်ရဲ့တောင်းဆိုမှုကြောင့်လာပြုပြင်ပေးရပါတော့တယ််...
တစ်ဘက်မှာလဲ ဗုဒ္ဓဘာသာကိုအမှီပြုပြီး ဆင်းတုတော်များထုတ်ဝေကာ ငွေကြေးခဝါချနေကြတဲ့လူနဲ့ တွေ့စုံကြပြီး ပြသနာများစတင်လာပါတော့တယ်...
ကျောင်းတွင်းမွေးစားခံရတဲ့ ကပ္ပိယ လေးယောက်နှင့်အတူ ဦးဇင်းထိန်တို့ ပြသာနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတော့ ဇာတ်ကားလေးပဲကြည့်လိုက်ကြပါရှင့် ဟာသလေးနှောပြီးရိုက်ပြထားတာကြောင့် လူတိုင်းရယ်ရယ်မောမောနဲ့ကြည့်နိုင်ပါတယ်ရှင့်...
Repost from N/a
1:01:21
Video unavailableShow in Telegram
Heroes Next Door EP8 - 1080P
Heroes Next Door EP8 - 1080P.mp4795.18 MB
Repost from N/a
1:04:46
Video unavailableShow in Telegram
Heroes Next Door EP7 - 720P
Heroes Next Door EP7 - 720P.mp4443.47 MB
Repost from N/a
1:44:27
Video unavailableShow in Telegram
လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀၀)ကျော်က လူရိုင်းတွေ အမဲလိုက်ကြတဲ့အခါ
748.12 MB
Repost from N/a
Photo unavailableShow in Telegram
လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀၀)ကျော်က လူရိုင်းတွေ အမဲလိုက်ကြတဲ့အခါ
➪➪➪➪➪➪➪➪➪➪➪➪➪➪
ခရစ်တော်မပေါ်ခင် ဘီစီ ၁၀၀၀၀လောက်က ယာဂါလ်လူမျိုးတွေမှာဒဏ္ဍာရီတစ်ခု ပေါ်လာခဲ့ပါတယ်။ အပြာရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ဒဏ္ဍာရီပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်တွေရဲ့ဘဝကိုလှံဖြူကိုင်စစ်သည်တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီပေါ့။တစ်နေ့မှာ ဒဏ္ဍာရီထဲကလို အပြာရောင်မျက်လုံးပိုင်ရှင် မိန်းကလေးတစ်ဦး တခြားအရပ်ကနေ ယာဂါလ်ဒေသကို ရောက်လာခဲ့ပါတယ်။သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့်လှံဖြူကိုင်စစ်သည်တော်ကိုလည်း မန်နက်ခေါ် အမွေးထူဆင်ကြီးကိုသ!တ်နိုင်သူကိုပဲ ရွေးချယ်မှာပါ။ဒါကြောင့် အက်ဗိုလက်နဲ့ မေတ္တာမျှနေတဲ့ ဒလေးဆိုတဲ့ ယာဂါလ်သားလေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း
စစ်သည်တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ် ....
Repost from N/a
1:53:31
Video unavailableShow in Telegram
C-o-m-m-i-s-s-i-o-n (2025)
Commission (2025) WEB-DL 720p.mp4654.65 MB
Repost from N/a
Photo unavailableShow in Telegram
Commission (2025)
IMDb Rating (6.3)
Penthouse ဒရမ်မာထဲက ဘယ်ရိုနာဆိုပြီး လူသိများတဲ့ မင်းသမီးလေး Kim Hyeon-Soo,
Tale of the Nine Tailed ထဲက မင်းသမီး Kim Yong-Ji နဲ့ WINNER အဖွဲ့ဝင် Kim Jin-Woo တို့
အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ပဟေဠိဆန်ဆန် ရုံတင်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
- ဇာတ်လမ်းအကျဉ်း -
ဂန်ဂျူဂယောင်း (Kim Yong-Ji) ကတော့ subscriber အများဆုံး ဝက်ဘ်တွန်းရေးဆရာမတစ်ယောက်ဖြစ်ပြီး
သူ့ညီမဖြစ်သူ ဂန်ဒန်ဂယောင်းကတော့ လက်ရှိမှာ သာမန် လက်ထောက်လေးအဖြစ်ပဲ လုပ်ကိုင်နေပြီး
ဝက်ဘ်တွန်းရေးဆရာမဖြစ်လာဖို့ အိပ်မက်မက်နေသူပါ။
အစ်မဖြစ်သူ ဂျူဂယောင်းရဲ့ အရည်အချင်း ထူးကဲသာလွန်မှုကြောင့် ဒန်ဂယောင်းဟာ အမြဲတမ်း
သိမ်ငယ်နေခဲ့ရတာပေါ့။ တစ်နေ့မှာတော့ Dark Web ကနေတစ်ဆင့် အမည်မသိသူတစ်ဦးက
ဒန်ဂယောင်းကို ပန်းချီဆွဲပေးဖို့ ကော်မရှင်အပ်လာပါတယ်။
ထူးဆန်းတာတစ်ခုက ပန်းချီဆွဲလို့ ပြီးသွားတာနဲ့ လက်တွေ့မှာ ပန်းချီထဲကနဲ့ တစ်ပုံစံတည်းတူညီတဲ့
ရာဇဝတ်မှု ဖြစ်ပွားလေ့ရှိတာပါပဲ။
တကယ်ပဲ ဘယ်သူက ဒန်ဂယောင်းကို ကော်မရှင်အပ်နေတာဖြစ်မလဲ....
အပြင်က ဖြစ်ပျက်တဲ့ ရာဇဝတ်မှုတွေနဲ့ ဒန်ဂယောင်း ဆွဲတဲ့ ပန်းချီနဲ့ကရော ဘယ်လိုဆက်စပ်နေတာဖြစ်မလဲ...
Dark Web မှာ ကော်မရှင် လက်ခံဆွဲပေးတဲ့ ပန်းချီဆရာမလေးအဖြစ်ကနေ ရုန်းထွက်ပြီး ဒန်ဂယောင်းဖြစ်ချင်တဲ့
ဝက်ဘ်တွန်းရေးဆရာမ ဖြစ်လာနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားပေးကြပါဦးရှင်။
Repost from N/a
1:41:22
Video unavailableShow in Telegram
A-s-s-a-l-a-m-u-a-l-a-i-k-u-m B-a-i-t-u-l-l-a-h (2025)
Assalamualaikum Baitullah (2025) NF WEB-DL,720p (MW).mp4641.53 MB
Repost from N/a
Photo unavailableShow in Telegram
Assalamualaikum Baitullah (2025)
၂၀၂၅ မှာ ထွက်တဲ့ ဇာတ်ကားဖြစ်ပြီး အဓိကအကြောင်းအရာကတော့ ဘဝရဲ့ဆုံးရှုံးမှုတွေကြားကနေ ကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ခရီးကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။
အမီရာ (Amira) ဆိုတဲ့ အမျိုးသမီးဟာ တစ်ခါက သူ့ချစ်သူနဲ့ ပျော်ရွှင်စွာနေထိုင်ခဲ့ပေမယ့် သစ္စာဖောက်မှုတစ်ခုကြောင့် သူ့ဘဝဟာ အပြောင်းအလဲကြီးဖြစ်သွားခဲ့ပါတယ်။
စိတ်ပျက်ဖွယ်ရာတွေ၊ ဝမ်းနည်းပူဆွေးမှုတွေနဲ့ တစ်ကိုယ်တည်းကျန်ရစ်ခဲ့ပြီး ဘဝကို ဘယ်ကိုရှေ့ဆက်ရမှန်းမသိခဲ့ပါဘူး။
ဒီလိုနဲ့ သူမဟာ မက္ကာလိုသန့်ရှင်းရာဒေသကို ဘုရားဖူးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
ဒီခရီးစဉ်ဟာ ပြဿနာတွေကနေ ထွက်ပြေးတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ မျှော်လင့်ချက်အသစ်ကို ရှာဖွေတဲ့ခရီးတစ်ခုပါ ။
အဲဒီမှာ အမီရာဟာ အတိတ်ကို ခွင့်လွှတ်တတ်အောင် သင်ယူရင်း သူ့ရဲ့အားနည်းနေတဲ့စိတ်နှလုံးသားကို ပြန်လည်တည်ဆောက်ပြီး ဘုရားသခင်နဲ့ ပိုမိုနီးကပ်တဲ့ ဆက်သွယ်မှုကို တည်ဆောက်သွားခဲ့ပါတယ် ။
ဒီခရီးစဉ်အတွင်းမှာ ဘာရာ (Barra) လိုမျိုး အကူအညီပေးတဲ့ ဘဝလက်တွဲဖော်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
ဒီဇာတ်ကားဟာ စိတ်ဒဏ်ရာတွေကို ကျော်လွှားပြီး ဘဝသစ်ကို ပြန်လည်တည်ဆောက်တဲ့အကြောင်းဖြစ်ပြီး စိတ်သက်သာရာရစေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ။ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။
